အာဆီယံယူ ၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း အင်ဒိုကိုထွက်ခွာ

ဓာတ်ပုံ - MFF
၂၀၁၈ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းဟာ ဒီနေ့မနက်ပိုင်းက ပြိုင်ပွဲကျင်းပမယ့် အင်ဒိုနီးရှားနိုင်ငံကို ထွက်ခွာသွားပါတယ်။ မြန်မာအသင်းမှာ အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ၈ ဦးနဲ့ ကစားသမား ၂၃ ဦး စုစုပေါင်း ၃၁ ဦး ပါဝင်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ အာဆီယံယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၁ ရက်ကနေ ၁၄ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ မလေးရှား၊ တီမော၊ ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းအသင်းတို့ ပါဝင်တဲ့ အုပ်စု ခ မှာ ပါဝင်ယှဉ်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up