လှေစီးဒုက္ခသည် ၁၂ ဦးကို ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် လာရောက်တွေ့ဆုံ
DVB
·
June 29, 2018
မြန်မာပြည်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောင်စစ်ဝန်က ရခိုင်ပြည်နယ် ရသေ့တောင်ဘက်ကို လှေပျက်ပြီး ရောက်လာတဲ့ လှေစီးဒုက္ခသည် ၁၂ ဦးကို ပထမဆုံး အကြိမ် လာရောက်တွေ့ဆုံခဲ့ပါတယ်။
ဇွန်လ ၂၇ ရက် ညနေ က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောင်စစ်ဝန်နဲ့ တာဝန်ရှိသူတွေဟာ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ ဘင်္ဂလားဒေ့ရှ် လှေစီးဒုက္ခသည် ၁၂ ဦးကို တွေ့ဆုံပြီး ကိုယ်ရေးမှတ်တမ်းတွေ ရယူသွားပါတယ်။
အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ ဦးဟာ ဇွန် ၁၁ ရက်မနက်က ရသေ့တောင်မြို့နယ်၊ အောင်ဗလချောင်းဝ၊ သာစည်ကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ ပျက်စီးနေတဲ့ စက်လှေတစီးနဲ့ အတူ တွေ့ရှိခဲ့တာပါ။
တွေ့ရှိခဲ့သူ အားလုံးပေါင်း ၁၀၄ ဦးထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ ဦးနဲ့ မြန်မာဘက်က ၉၂ ဦး ပါဝင်တယ်လို့ တာဝန်ရှိသူတွေက စစ်ဆေးစိစစ်တွေ့ရှိခဲ့တာပါ။
မြန်မဘက်က ၉၂ ဦးကိုတော့ ဇွန် ၁၅ ရက်နေ့မှာ သူတို့ရဲ့ မူလနေထိုင်ရာ နေအိမ်တွေကို ပို့ဆာင်ပေးခဲ့ပြီး ဖြစ်ပါတယ်။