တောင်-မြောက်ကိုရီးယား ပူးပေါင်းပြီး အာရှအားကစားပြိုင်ပွဲဝင်ရန် သဘောတူ

ဓာတ်ပုံ - ရိုက်တာ
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲမှာ တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံပေါင်းပြီး အားကစားနည်း ၃ မျိုး ဝင်ရောက်ယဉ်ပြိုင်ဖို့ သဘောတူခဲ့ကြပါတယ်။ ဇွန်လ ၂၈ ရက်နေ့က တောင်နဲ့ မြောက်ကိုရီးယား အိုလံပစ်ကော်မတီ ကိုယ်စားလှယ်တွေနဲ့ အာရှအိုလံပစ်ကောင်စီတို့ တွေ့ဆုံခဲ့အပြီး ဘတ်စ်ကက်ဘော၊ လှေလှော်နဲ့ ကနူးလှေလှော်အားကစားနည်း ၃ မျိုးမှာ ကိုရီးယားတနိုင်ငံတည်း အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သဘောတူခဲ့ကြတာပါ။ ဒ့ါအပြင် သြဂုတ် ၁၈ ရက်နေ့မှာလုပ်မယ့် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲမှာလည်း နှစ်နိုင်ငံ ပေါင်းစည်းထားတဲ့ ကိုရီးယားကျွန်းဆွယ်မြေပုံနဲ့ တက်ရောက်ကြမှာလည်း ဖြစ်ပါတယ်။ ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာနဲ့ ပလန်ဘန်မြို့တွေမှာ သြဂုတ် ၁၈ ရက်ကနေ စက်တင်ဘာ ၂ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ အခုနှစ် ဖေဖော်ဝါရီလက တောင်ကိုရီးယားမှာ ကျင်းပခဲ့တဲ့ ပြုံချမ်း ဆောင်းရာသီ အားကစားပွဲမှာလည်း အမျိုးသမီး ရေခဲပြင် ဟော်ကီကစားနည်းမှာ ပူးတွဲပါဝင်ယှဉ်ပြိုင်ခဲ့ကြသလို ဖွင့်ပွဲမှာလည်း ပေါင်းစည်းထားတဲ့ ကိုရီးယားကျွန်းဆွယ် မြေပုံနဲ့အတူ နှစ်နိုင်ငံ ပူးတွဲတက်ရောက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up