ဆင်ကို တို့ထိရန် ကြိုးစားသည့် အမျိုးသား မြေပြင်ဆီ နှာမောင်းဖြင့် ရိုက်ချခံရ (ရုပ်သံ)

  ဆင်ကြီးတကောင်ရဲ့ ခန္ဓာကိုယ်ကို တို့ထိဖို့ ကြိုးစားခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည် အမျိုးသားတဦးဟာ နှာမောင်းနဲ့ မြေပြင်ဆီကို ရိုက်ချခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ ဆင်စခန်းတခုထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ကိုဒီစတိုင်နာ အမည်ရတဲ့ အဆိုပါ အမျိုးသားဟာ ဆင်ကြီးရဲ့အနီးမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။ သူဟာ အစပိုင်းမှာတော့ ဆင်ကြီးကို အုန်းလက်တွေနဲ့ တို့ထိ ကျီစယ်နေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ အဲဒီနောက်တော့ သူက ဆင်ကြီးရဲ့ နှာမောင်းကို တို့ထိဖို့ ကြိုးစားလိုက်ချိန်မှာတော့ ရုတ်တရက် ဆင်ကြီးက နှာမောင်းနဲ့ မြေပြင်ဆီရိုက်ချလိုက်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ မြေပြင်ပေါ်က အုန်းလက်ကိုင်းတွေပေါ်ကို ကျသွားခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိသွားတာမျိုးတော့ မရှိခဲ့ပါဘူး။ ဆင်တွေဟာ တကယ်တမ်းမှာတော့ ခန္ဓာကိုယ်ကြီးမားကြပေမယ့် နူးညံ့တဲ့ သတ္တ ၀ါတွေလို့ သိထားကြပါတယ်။ ဒါပေမယ့် သူတို့ကို ထိခိုက်အောင်လုပ်ရင်တော့ သောင်း ကျန်းကြတဲ့ သတ္တ၀ါတွေထဲမှာ ပါဝင်ပါတယ်။ နေရှင်နယ်ဂျီအို ဂရပ်ဖစ်ချန်နယ်လ်မှာတော့ နှစ်စဉ် လူ ၅၀၀ လောက်ဟာ ဆင်တွေ တိုက်ခိုက်ခံရတာကြောင့် သေဆုံးနေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up