ဆီနီဂေါကို အနိုင်ရပြီး ကိုလံဘီယာ ရှုံးထွက်အဆင့်တက် (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလား အုပ်စု အက်ဖ် နောက်ဆုံးပွဲစဉ်မှာ ကိုလံဘီယာက ဆီနီဂေါကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။ နှစ်သင်းစလုံး ဒီပွဲမှာ အဓိက ကစားသမားတွေနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပါတယ်။ ပထမပိုင်းမှာ ဆီနီဂေါအသင်း ကစားပုံပိုကောင်းပြီး ဂိုးပေါက်ကန်သွင်းတာ မသေချာလို့ ဦးဆောင်ဂိုးနဲ့ လွဲခဲ့ရတာပါ။ ကိုလံဘီယာအတွက် ဦးဆောင်ဂိုးကို ၇၄ မိနစ်ကျမှ နောက်တန်းကစားသမား မီနာက သွင်းယူပါတယ်။ ဒီပွဲမှာ မီနာ ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ ဒီပွဲမှာ ကိုလံဘီယာက ဘောလုံးပိုင်ဆိုင်မှု အသာရပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှုမှာ ဆီနီဂေါက အသာစီးယူနိုင်ခဲ့ပါတယ်။ တဂိုးသွင်းပြီးနောက်ပိုင်း ကိုလံဘီယာကပဲ အနိုင်ရလဒ်ကို ထိန်းကစားနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် ကိုလံဘီယာက ၆ မှတ်ရပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့် တက်ရောက်ခဲ့ပြီး အင်္ဂလန်နဲ့ လာမယ့် ဇူလိုင် ၃ ရက်ည ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဆီနီဂေါကတော့ ဂျပန်နဲ့ ရမှတ်ချင်းတူပေမယ့် အဝါကတ် အပြခံရတာ များတဲ့အတွက် ဖီဖာ Fair Play စည်းမျဉ်းအရ အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up