AIIB ဘဏ်မှ အများဆုံးငွေချေးယူခဲ့သည့်နိုင်ငံ အိန္ဒိယဖြစ်ဟုဆို

အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အာရှအခြေခံအဆောက်အုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ထံကနေ အများဆုံး ငွေချေးသူ ဖြစ်ခဲ့တယ်လို့ အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး ပီယွတ်ရှ်ဂိုယယ်က ပြောကြားလိုက်ပါတယ်။ ချေးယူမှုစုစုပေါင်းဟာ AIIB ဘဏ္ဍာရေးရဲ့ ၃၀ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ ဝန်ကြီးက AIIB နှစ်ပတ်လည် အစည်းအဝေးရဲ့ ဆက်စပ်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။ AIIB ထံက ထောက်ခံချက်ရထားတဲ့ စီမံကိန်း ၂၅ ခုရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလျံအထိရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။ အဲဒီထဲကမှ အိန္ဒိယ ရရှိတဲ့ စီမံကိန်းဟာ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံဖိုး ရှိတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ ဂင်္ဂါမြစ်ရေညစ်ညမ်းမှုကို သန့်စင်ရေးဟာ အိန္ဒိယအစိုးရရဲ့ ဦးစားပေး စီမံကိန်းတွေထဲက တခုဖြစ်ပြီး အဲဒ်ီအတွက် ပြည်ပကနေ ငွေကြေးနဲ့ နည်းပညာအကူအညီ ယူရာမှာ AIIB ဟာ အကူအညီအများကြီး ပေးနိုင်တယ်လို့ အိန္ဒိယရေအရင်းအမြစ်ဝန်ကြီးဌာန အင်ဂျင်နီယာချုပ်က အစောပိုင်းတုန်းက ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up