အင်္ဂလန်နှင့်ပွဲတွင် အနိုင်ရရေး ဦးစားပေးမည်မဟုတ်ဟု ဘယ်လ်ဂျီယံနည်းပြ ပြော

ဓာတ်ပုံ - Reuters
အင်္ဂလန်နဲ့ပွဲမှာ အနိုင်ရဖို့က အဓိကဦးစားပေး မဟုတ်ဘူးလို့ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က ပြောပါတယ်။ ရှုံးထွက်အဆင့်ကို တက်ရောက်ပြီးဖြစ်တဲ့ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့ အုပ်စုနောက်ဆုံးပွဲအဖြစ် ဒီနေ့ည တွေ့ဆုံ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်တဲ့အသင်းက အုပ်စုဗိုလ်ဖြစ်မှာပါ။ ဒါပေမယ့် အုပ်စုဒုတိယဖြစ်ရင် ကွာတားအဆင့်အထိ အသင်းကြီးတွေကို ရှောင်နိုင်မှာ ဖြစ်ပါတယ်။ နည်းပြ မာတီနက်ဇ်ကတော့ ဒီပွဲမှာ အကောင်းဆုံး ကစားပြနိုင်ဖို့ အရင်ပွဲတွေမှာ အဝါကတ်ထိထားသူတွေကို ဒီပွဲမှာ အရဲစွန့်ပြီး သုံးမှာမဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် အဓိကကျတဲ့ ကစားသမား တချို့ကိုလည်း အနားပေးထားမယ်လို့ ပြောပါတယ်။ အုပ်စု ဂျီ မှာ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့ဟာ ရမှတ် ၆ စီနဲ့ ရဂိုး၊ ပေးဂိုး၊ ဂိုးကွာခြားချက်တွေ တူညီနေပေမယ့် ဖီဖာ Fair Play စည်းမျဉ်းအရ အဝါကတ် ၂ ကတ်ပဲ ထိထားတဲ့ အင်္ဂလန်က အဝါကတ် ၃ ကတ်ထိထားတဲ့ ဘယ်လ်ဂျီယံရဲ့အပေါ် အုပ်စု ပထမနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up