တရုတ်တွင် မိုးရွာသွန်းမှုကြောင့် လမ်းနှင့်အဆောက်အဦများ ပျက်စီး

မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း စီချွမ်ပြည်နယ်နဲ့ ကန်စူး ပြည်နယ်တွေမှာ လမ်းတွေ၊ အဆောက်အဦတွေ ပျက်စီးသွားခဲ့ပါတယ်။ ဇွန်လ ၂၆ ရက်နေ့မှာ စီချွမ်ပြည်နယ်၊ ကွမ်းယန်မြို့က မြစ်တစ်စင်း ရေကြီးရေလျံခဲ့ပြီး၊ ရေထိန်းနံရံတခု ကျိုးပျက်သွားခဲ့ပါတယ်။ မြစ်အနီးအနားက လူနေဧရိယာထဲကို ရေတွေ စီးဝင်လာခဲ့တာကြောင့် လူ ၁,၅ဝဝ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဒါ့အပြင် စီချွမ်ပြည်နယ်က ‘ကြင်” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာလည်း မုတ်သုံမိုး ဆက်တိုက်ရွာခဲ့တာကြောင့် ရေလွှမ်းမှုဖြစ်ခဲ့ပြီး လူနေအဆောက်အဦတွေနဲ့ လမ်းတံတား စတဲ့ အခြေခံအဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။ ကန်စူးပြည်နယ် ကျင်းရှုစီရင်စုနယ်မှာတော့ ဇွန် ၂၅ ရက်နေ့မှာ လမ်းတချို့ ပျက်စီးသွားခဲ့ပြီး မီးသတ်သမားတွေက ရေကြီးမှုမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up