Live
Home
မြန်မာသတင်း
မိသားစုအသက်အန္တရာယ် ခြိမ်းခြောက်ခံရ၍ ဦးကိုနီကို ပစ်သတ်ခဲ့ဟု ကြည်လင်း ထွက်ဆို
အောင်သူ
·
June 28, 2018
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှုမှာ စွဲချက်တင်ခံထားရတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ကို မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့  ၅၈ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးပါတယ်။ အဲဒီရုံးချိန်းမှာ ရန်ကုန်တိုင်းဒေသကြီး တရားရုံးက စွဲချက်ပြင်ဆင်ချက်တွေအတိုင်း စစ်ဆေးမယ့်အကြောင်းနဲ့ တရားခံပြသက်သေတွေကို တရားခံဘက်ကရှေ့နေတွေက တင်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းစွဲချက်နဲ့ပတ်သက်ပြီး ၁ တရားခံကြည်လင်းက သူ့နဲ့ သူ့မိသားစုကို အသက် အန္တရာယ် ခြိမ်းခြောက်တဲ့အတွက် လုပ်ဆောင်ခဲ့တာဖြစ်လို့ အပြစ်မရှိတဲ့အကြောင်း ရုံးတော်မှာ ပြောဆိုခဲ့ပါတယ်။ အောင်ဝင်းဇော် အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ကလည်း သူတို့မှာ ဒီအမှုနဲ့ ပတ်သက်ပြီး အပြစ်မရှိတဲ့အကြောင်း ရုံးတော်ကို ပြောဆိုခဲ့ပါတယ်။ ရုံးထုတ်စစ်ဆေးမှုအပြန်မှာ ဇေယျာဖြိုးက သူ့ကိုစွဲချက်တင်ထားတဲ့ ပုဒ်မက အဓိပ္ပါယ် မရှိတဲ့အပြင် အစိုးရရုံးစိုက်တဲ့ နေပြည်တော်ဟာ ရာဇဝတ်သားတွေ ခိုလှုံတဲ့နေရာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ နောက်တပတ်ရုံးချိန်းကို ဇူလိုင် ၅ ရက်နေ့ကို ချိန်းဆိုခဲ့ပြီးအဲဒီနေ့မှာ ၁ တရားခံ ကြည်လင်းကို စတင်စစ်ဆေးမှာလည်းဖြစ်ပါတယ်။ တရားခံဘက်ကရှေ့နေတွေကတော့ ဒီအမှုနဲ့ပတ်သတ်ပြီးမျှတမှုမရှိလို့ တရားရုံးချုပ်ကို စွဲချက်ပြင်ဆင်ဖို့ ဆက်တက်ဖို့တင်ပြထားပြီး တရားလိုပြရှေ့နေတွေ ဘက်ကလဲ အကြမ်းဖက်မှု ဥပဒေနဲ့ ထပ်ပြီးအရေးယူပေးလို့ တရားရုံးချုပ်ကိုထပ်တက်ဖို့ စီစဉ်နေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024