ဗိုလ်ချုပ် ရာထူးနဲ့ ဖိလစ်ပိုင် အမျိုးသမီး ဆန်မင်တို

ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်တော့ ဖိလစ်ပိုင်က ရာထူးအဆင့်အတန်းကို ကျား/မ တန်းတူရေး အတွက် ဦးစားပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင် အမျိုးသမီး အနည်းငယ် ကပဲ ပါလီမန်၊ ဘုတ်အဖွဲ့တွေနဲ့ လုံခြုံရေး အဖွဲ့က အရေးပါတဲ့နေရာတွေမှာ ရယူထားနိုင်ပါ တယ်။ ဒီပုံစံကို လီနာ ဆန်မင်တို (Lina Sarmiento) က ချိုးဖျက်လိုက်ပါတယ်။ မကြာသေးခင်ကပဲ အသက် ၅၃ နှစ်အရွယ်ရှိ အမျိုးသမီး ရဲတပ်ဖွဲ့ဝင် ဆန်မင်တို ကို စစ်တပ်မှာ ဗိုလ်ချုပ် ရာထူးနဲ့ ညီတဲ့ အဆင့်အတန်းကို တိုးမြှင့် ပေးအပ်ခဲ့ပါတယ်။ ဖိလစ်ပိုင် အမျိုးသမီး တယောက်အနေနဲ့ ဒီအဆင့်အတန်းကို ပထမဆုံး ရရှိတာလည်း ဖြစ်ပါတယ်။ ကွီ်ဇွန်မြို့ ခရိုင်မှာရှိတဲ့ ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့စခန်း ဌာနချုပ် (PNP)မှာ ဆန်မင် တို ကို သတင်းထောက် မက်ဒေါနား ဗီရိုလာ (Madonna Virola) က သွားရောက်တွေ့ဆုံ သတင်းပေးပို့ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up