နာမည်ကြီး ဘရာဇီး ဆားဘီးယားကိုနိုင်ပြီး နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စု အီး ပွဲစဉ်မှာ နာမည်ကြီး ဘရာဇီးက ဆားဘီးယားကို ၂ ဂိုးပြတ်နဲ့နိုင်ပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းသွားပါတယ်။ ဘရာဇီးအတွက် ဦးဆောင်ဂိုးကို ၃၆ မိနစ်မှာ ကွင်းလယ်ကစားသမား ပေါ်လင်ဟိုက သွင်းယူပါတယ်။ ဒီပွဲမှာ ဘရာဇီးက ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၆ ကြိမ်အထိ ရခဲ့ပါတယ်။ ဆားဘီးယားအသင်းကလည်း ဘရာဇီးဂိုးပေါက်ကို ၂ ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဘရာဇီးအတွက် အနိုင်ရလဒ်ကို သေချာစေတဲ့ ဒုတိယဂိုးကို ၆၈ မိနစ်မှာ နောက်တန်းလူ ဆေးလ်ဗားက ခေါင်းတိုက်သွင်းယူပါတယ်။ ဒီပွဲမှာ ဘရာဇီး ကွင်းလယ်ကစားသမား ကော်တင်ဟို ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ ဘရာဇီးဟာ ၁၃ ကြိမ်မြောက်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က တက်နိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ ဘရာဇီးက ၇ မှတ်ရပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်မှာ အုပ်စု အက်ဖ်က ဒုတိယရတဲ့ မက္ကဆီကိုနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဆားဘီးယားကတော့ ၃ မှတ်ပဲရပြီး အုပ်စုကနေ အိမ်ပြန်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up