မက္ကဆီကိုအသင်းကို ၃ ဂိုးပြတ်ဖြင့်နိုင်ပြီး ဆွီဒင် ရှုံးထွက်အဆင့်တက် (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလား အုပ်စု အက်ဖ် နောက်ဆုံးပွဲစဉ်မှာ ဆွီဒင်က မက္ကဆီကိုအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ ဆွီဒင်အတွက် ဦးဆောင်ဂိုးကို မိနစ် ၅၀ မှာ အော်ဂတ်တင်ဆန်က သွင်းယူပါတယ်။ ပထမပိုင်းမှာ မက္ကဆီကိုအသင်း ကစားပုံ ကောင်းပေမယ့် ဒုတိယပိုင်းမှာ ဆွီဒင်က ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ ဆွီဒင်အတွက် ဒုတိယဂိုးကို ၆၂ မိနစ်မှာ ဂရန်ဗစ်စ်က ပယ်နယ်တီကနေတဆင့် သွင်းယူပါတယ်။ ဒီပွဲမှာ မက္ကဆီကို ဘောလုံးပိုင်ဆိုင်မှု အသာစီးရပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ ဆွီဒင်က အသာရခဲ့ပါတယ်။ ဆွီဒင်အတွက် အပိတ်ဂိုးကိုတော့ မက္ကဆီကို နောက်တန်းကစားသမား ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားပါတယ်။ မက္ကဆီကိုဟာ ပထမ ၂ ပွဲ အနိုင်ရထားပြီး ဒီပွဲမှာ အနည်းဆုံး သရေရတာနဲ့ အုပ်စုကတက်မယ့် အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာ ဂျာမနီ ရှုံးသွားတဲ့အတွက် မက္ကဆီကိုက ဒီပွဲရှုံးပေမယ့်လည်း ရှုံးထွက်အဆင့်ကို တက်နိုင်ခဲ့ပါတယ်။ ဆွီဒင်ကတော့ ၆ ရမှတ်ပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်မှာ ဆွစ်ဇာလန်၊ မက္ကဆီကိုက ဘရာဇီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up