Home
သတင်းဓာတ်ပုံ
ကနီမြို့နယ်၌ မြေယာအငြင်းပွားမှုနှင့်ပတ်သက်၍  ရွာသားများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့နေ
Aung Ko Latt
·
June 27, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ အင်တိုင်းတောစံပြကျေးရွာမှာ မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ရဲလုံခြုံရေးတပ်ဖွဲ့တွေနဲ့  ဒေသခံတွေ ဒီကနေ့မနက်က ထိပ်တိုက်တွေ့နေပါတယ်။ ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းဘေး မိုင်တိုင်အမှတ် ၃၂၊ ၃၃ အကြားရှိ. အင်တိုင်းတောရွာမှာ တင်ဝင်းထွန်းကုမ္ပဏီနဲ့  ဒေသခံတို့ကြား မြေယာ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ရဲ၊ သစ်တော၊ တရားရေးက တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ ထိပ်တိုက် တွေ့ဆုံနေတာပါ။ လာလောဆယ်မှာတော့ ရဲတပ်ဖွဲ့က တားဆီးတာတွေမလုပ်ဖို့ ရွာသားတွေကို သတိပေးနေပြီး ဒေသခံတွေကလည်း ဆက်လက်ပိတ်ဆို့ထားတဲ့အတွက် အခြေအနေက တင်းမာနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024