ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးကလေး ဖြစ်လာသည့် ၉ နှစ်သား ခွေးဘီလူးလေး (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲမှာ အသက် ၉ နှစ်သား အင်္ဂလိပ်ခွေးဘီလူး အမျိုးအစား ခွေးကလေး Zsa Zsa က အနိုင်ရရှိသွားပါတယ်။ ဒီပြိုင်ပွဲကို ပီတာလူးမားမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက် ညပိုင်းက ကျင်းပခဲ့တာဖြစ်ပြီး ခွေးကလေး Zsa Zsa ရဲ့ ပိုင်ရှင်ဖြစ်တဲ့ မက်ဂန်ဘရိန်းနာ့ဒ်က ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၅၀၀ ရရှိသွားတာပါ။ သူက Zsa Zsa ကို အိမ်မွေးတိရစ္ဆာန်ရှာဖွေရေး ဝက်ဘ်ဆိုက်ကတဆင့် ရရှိ မွေးစားခဲ့တာလို့ ပြိုင်ပွဲဝင် ကိုယ်ရေးအချက်အလက်ထဲမှာ ဖော်ပြပါတယ်။ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ခွေးကလေးတွေ အနေနဲ့ သူတို့ရဲ့ မပြည့်စုံမှုတွေ၊ ဆိုးဝါးတဲ့ သွင်ပြင်တွေ အသီးသီးနဲ့ ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ တချို့က အမွေးမပါတဲ့ ခန္ဓာကိုယ်၊ တချို့က ပျင်းတွဲကျနေတဲ့ လျှာအလျားလိုက် စသည်ဖြင့် ရှိကြပြီး သခင်တွေနဲ့အတူ ကော်ဇောနီပေါ် လမ်းလျှောက်ပြချိန်မှာ ဒိုင်တွေက အမှတ်ပေးစနစ်နဲ့ မဲပေးရွေးချယ်ကြတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ကျင်းပလာတာဟာ နှစ် ၃၀ မြောက် ရှိခဲ့ပြီဖြစ်ပြီး မနှစ်ကတော့ ကိုယ်အလေးချိန် ၅၇ ကီလိုဂရမ်ရှိတဲ့ ညှိုးချုံးကျနေတဲ့ မျက်နှာသွင်ပြင်ရှင် မာသာအမည်ရတဲ့ နီယိုပိုလီတန် မက်စ်တစ်ဖ် အမျိုးအစား ခွေးကြီးက ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up