Home
မြန်မာသတင်း
ကျပ်သိန်း ၂၆၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မန္တလေးတွင် မီးရှို့ဖျက်ဆီး
DVB
·
June 26, 2018
မန္တလေးတိုင်း အပါအဝင် တိုင်းဒေသကြီး ၄ ခုနဲ့ ပြည်နယ် ၂ ခုတို့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ  မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ရွှေမန်းတောင် အားကစားကွင်းမှာ အခမ်းအနားနဲ့ ဖျက်ဆီးခဲ့တာမှာ  မနှစ်ကထက် တန်ဖိုးများပြီး ကျပ်သိန်းပေါင်း ၂၆၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မန္တလေးမြို့မှာ ဖျက်ဆီးနိုင်ခဲ့တာပါ။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအမျိုးပေါင်း ၃၁ မျိုးရှိခဲ့ပြီး ဒီနှစ်မှာတော့ မူးယစ်ဆေးဝါး အမျိုးပေါင်း ၂၄ မျိုး ရှိတယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဟာ နိုင်ငံတဝန်းလုံးမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားတွေကို ပြည်နယ် တိုင်းဒေသကြီး အသီးသီးမှာ အခါအားလျော်စွာ ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ တပြိုင်နက် ကျင်းပခဲ့ပါတယ်။ မနှစ်က မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုး ကျပ်သန်းပေါင်း (၃၁၉၆၀.၅၁၀၄၃) ခန့် (အမေရိကန်ဒေါ်လာ ၂၃.၅၀၀၃၇သန်း)ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး အခုနှစ်မှာ ကာလတန်ဖိုးငွေ ကျပ်သန်းပေါင်း (၁၅၂၉၁၅.၄၁)ခန့် (အမေရိကန် ဒေါ်လာ ၁၁၃.၂၇ သန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဝတ္ထုတို၊ ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီဆုရရှိသူတွေကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024