Home
မြန်မာသတင်း
ပုသိမ်ကြီးမြို့နယ်တွင် ကျူးကျော်နေအိမ်များကို ဖယ်ရှား၊ အမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ
Aung Aung Naing
·
June 26, 2018
မန္တလေးတိုင်း​၊ ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာ၊ တိုးချဲ့ကွက်သစ်ရှိ ကျူးကျော်နေအိမ် ၃၀၀၀ ကျော်​ကို သက်ဆိုင်ရာက ဇွန်လ ၂၆ ရက် မနက် ၁၁ နာရီက ဝင်ရောက်ဖယ်ရှားစဉ် တားဆီးခဲ့သူတွေထဲက အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ပုသိမ်​ကြီးမြို့နယ်​မှူးနဲ့အတူ ရဲတပ်ဖွဲ့ဝင်​ အင်အား ၁၀၀ကျော်​၊ စည်​ပင်​သာယာ​ရေးဌာနက အင်အား ၁၆၀ ကျော်​နဲ့ အ​ထွေထွေအုပ်​ချုပ်​​ရေးတာဝန်ရှိသူတွေက လာ​ရောက်​ရှင်းလင်း ဖယ်ရှားခဲ့ကြရာမှာ နေအိမ်​ ၅ လုံးကတော့ လုံးဝ ဖျက်​​ဆီးခံခဲ့ရပါတယ်။ ခုလို ကျူး​ကျော်​မဟုတ်​တဲ့ နေအိမ်တွေကို ကျူး​ကျော်ဆိုပြီး ဖျက်ဆီးခဲ့တဲ့ အာဏာပိုင်​ အဖွဲ့အစည်းတွေကို ဆန့်​ကျင်​​တဲ့အကြောင်း ဇီးအုပ်​ကျေးရွာဒေသခံတွေက ကြွေး​ကြော်ခဲ့တဲ့အတွက် ​ဒေါ်မြဆင့်နဲ့ ဒေါ်နှင်း အပါအဝင်​ အမျိုးသမီး  ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024