ငြိမ်း​ချမ်း​စွာ စု​ဝေး​စီတန်း​လှည့်​လည်ခွင့်​ရပြီ

ဦးသိန်းညွန့်
ငြိမ်း​ချမ်း​စွာစု​ဝေး​ခွင့်​နဲ့​ စီတန်း​လှည့်​လည်ခွင့်​ဆိုင်ရာ နည်း​ဥပ​ဒေစာအုပ်ပါ အချက်အလက်​တွေအရ ပြည်သူ​တွေအ​နေနဲ့​ ငြိမ်း​ချမ်း​စွာ စု​ဝေး​စီတန်း​ခွင့်​ရပြီလို့​ စုံစမ်း​သိရှိရပါတယ်။ ငြိမ်း​ချမ်း​စွာ စု​ဝေး​ခွင့်​နဲ့​ စီတန်း​လှည့်​လည်ခွင့်​ဆိုင်ရာ နည်း​ဥပ​ဒေစာအုပ်ကို ဒီ​နေ့​ကျင်း​ပတဲ့​ လွှတ်​တော်တွင်း​မှာ ​ဝေငှခဲ့​ပြီး​ နည်း​ဥပ​ဒေစာအုပ်ပါ အချက်အလက်​တွေအရ ပြည်သူ​တွေအ​နေနဲ့​ ငြိမ်း​ချမ်း​စွာ စု​ဝေး​စီတန်း​ခွင့်​ရပြီလို့​ သင်္ဃန်း​ကျွန်း​မြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။ [caption id="attachment_13575" align="alignright" width="300" caption="ဦးသိန်းညွန့်​ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption] “နည်း​ဥပ​ဒေအရ အမည်နဲ့​ အဓိပ္ပာယ်​ဖော်ပြချက်၊​ ခွင့်​ပြုမိန့်​လျှောက်ထား​ခြင်း​၊​ ခွင့်​ပြုမိန့်​ထုတ်​ပေး​ခြင်း​၊​ ငြင်း​ပယ်ခြင်း​၊​ အယူခံဝင်ခြင်း​၊​ အ​ထွေ​ထွေ​တွေ​ပေါ့​။ အဲဒီမှာ အ​ရေး​ကြီး​တာက ​နောက်ဆက်တွဲ ​ဖော်ပြထား​တဲ့​ ပုံစံ​တွေ​ပေါ့​ဗျာ။ အခုဆိုရင် ပုံစံ​တွေ ထွက်လာပြီ။ ငြိမ်း​ချမ်း​စွာ စု​ဝေး​ခွင့်​ ပြုမယ်ဆိုရင် ရဲတပ်ဖွဲ့​မှူး​ထံ ​လျှောက်ထား​ရမယ့်​ ပုံစံ။ အဲဒါနဲ့​ ပတ်သက်ရင် အ​သေး​စိတ်ပါတယ်။ အဲဒီလို ငြိမ်း​ချမ်း​စွာစီတန်း​ လှည့်​လည်ခွင့်​ ​လျှောက်ထား​တဲ့​ ပုံစံ​တွေ ပါလာပြီ။ မြို့​နယ် ရဲတပ်ဖွဲ့​မှူး​ကို တင်တဲ့​ပုံစံ​ပေါ့​။ တိုင်း​ဒေသ ပြည်နယ်​တွေ၊​ မြို့​နယ်ရဲတပ်ဖွဲ့​မှူး​တွေလည်း​ ဒါ​တွေနဲ့​ ပတ်သက်ပြီး​ ခွင့်​ပြုမိန့်​ပေး​နိုင်တဲ့​ ပုံစံ​တွေ ပါလာပြီ။ ဒီ​လျှောက်လွှာကို ငြင်း​ပယ်မယ်ဆိုရင်လည်း​ ငြင်း​ပယ်တဲ့​ အမိန့်​ပေါ့​။ ငြင်း​ပယ်တာကို အယူခံတင်မယ်ဆိုရင် အဲဒီအယူခံကို ခွင့်​ပြုတဲ့​အမိန့်​ပေါ့​။ ပလပ်ရင်လည်း​ ပလပ်တဲ့​ အမိန့်​ပေါ့​။ အဲဒီလို ပုံစံ အသီး​သီး​ အ​သေး​စိတ် ထွက်လာတာ။ လုပ်ထုံး​လုပ်နည်း​ ဆိုင်ရာ​တွေ ပြည့်​စုံလာတဲ့​အတွက် ပြည်​ထောင်စု အစိုး​ရ ပြဋ္ဌာန်း​ထား​တဲ့​ ငြိမ်း​ချမ်း​စွာ စု​ဝေး​ခွင့်​နဲ့​ ငြိမ်း​ချမ်း​စွာစီတန်း​လှည့်​လည်ခွင့်​ဆိုင်ရာ အခွင့်​အ​ရေး​တွေကို ပြည်သူ​တွေ ဥပ​ဒေ​ဘောင်တွင်း​က ရယူပြီး​ သုံး​လို့​ရ​နေပြီ​ပေါ့​။” ဒီနည်း​ဥပ​ဒေဟာ အခုလိုဒီမိုက​ရေစီအသွင်ကူး​ပြောင်း​စ သိမ်​မွေ့​တဲ့​ကာလမှာ အလုပ်လုပ်လို့​ရတဲ့​ နည်း​ဥပ​ဒေ ဖြစ်တယ်လို့​လည်း​ ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။ အခုထွက်​ပေါ်လာတဲ့​ ငြိမ်း​ချမ်း​စွာစု​ဝေး​စီတန်း​လှည့်​လည်ခွင့်​ နည်း​ဥပ​ဒေကို လွှတ်​တော်က ​ဆွေး​နွေး​စရာ မရှိရင် ရက်​ပေါင်း​ ၉၀ အတွင်း​ အတည်ဖြစ်မှာဖြစ်ပြီး​ နည်း​ဥပ​ဒေမှာ စီတန်း​လှည့်​လည်ဖို့​ ရက်​ပေါင်း​ ၉၀ ​စောင့်​ရမယ်လို့​ မပါရှိတဲ့​အတွက် ငြိမ်း​ချမ်း​စွာစု​ဝေး​ခွင့်​ ​လျှောက်ထား​နိုင်ပြီ ဖြစ်ပါတယ်။ ငြိမ်း​ချမ်း​စွာ စု​ဝေး​စီတန်း​လှည့်​လည်ခွင့်​ ဥပ​ဒေကို ပြီး​ခဲ့​တဲ့​နှစ်ထဲ ကျင်း​ပခဲ့​တဲ့​ ပထမအကြိမ် ပြည်​ထောင်စုလွှတ်​တော် ဒုတိယပုံမှန်အစည်း​အ​ဝေး​က အတည်ပြုခဲ့​တာဖြစ်ပြီး​ ၆ လ​လောက်အကြာမှာ အခုလိုနည်း​ဥပ​ဒေ ထွက်​ပေါ်လာတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up