Home
မြန်မာသတင်း
အစိုး​ရတပ်ယာဉ်တန်း​ကို ​ကေအိုင်​အေ ဟန့်​တား​တိုက်ခိုက်
နန်းမြနဒီ
·
July 9, 2012

ရှမ်း​ပြည်​မြောက်ပိုင်း​ မူဆယ်မြို့​နယ်ထဲမှာ အစိုး​ရတပ်ယာဉ်တန်း​တွေကို သူတို့​ တိုက်ခိုက်ဟန့်​တား​တာဖြစ်တယ်လို့​ ကချင်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို)က ​ပြောပါတယ်။

ကေအိုင်အို ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​လနန်က “ဒီ​နောက်ပိုင်း​မှာ အစိုး​ရစစ်တပ်က​နေပြီး​တော့​ အင်အား​တွေ အများ​ကြီး​ တိုး​ချဲ့​လာတာရှိတယ်။ ဒီအတွက် ကျ​နော်တို့​ဘက်ကိ ဝင်လာမယ့်​ စစ်​ကြောင်း​တွေကို ​နှောင့်​ယှက်ဟန့်​တား​ ကာကွယ်တာ​တော့​ လုပ်ရမှာပါ။ အစိုး​ရ ယာဉ်တန်း​ကို ကျ​နော်တို့​ တိုက်ခိုက်တာပါ။ မဟန့်​တား​ဘူး​ဆိုရင် အစိုး​ရစစ်တန်း​က ကျ​နော်တို့​ စခန်း​ကို လာပြီး​တော့​ စစ်ဆင်​ရေး​လုပ်ဖို့​ လာတဲ့​ တပ်ဖွဲ့​တွေပါ။ ဒါ​ကြောင့်​ ကြိုပြီး​တော့​ ပစ်ခတ်တာ​တွေ လုပ်တာပါ။ ဒါကို မှား​တယ်လို့​ ​ပြောလို့​မရပါဘူး​။ သူတို့​ရဲ့​ စစ်​ကြောင်း​တွေ လှုပ်ရှား​မှုမရှိဘူး​ဆိုရင်​တော့​ ဒီလို​တွေ ဖြစ်မှာမဟုတ်ဘူး​”လို့​ ​ပြောပါတယ်။

လား​ရှိုး​ဘက်ကလာတဲ့​ အစိုး​ရတပ်ယာဉ်တန်း​ ၇ စီး​မှာ ဇူလိုင် ၈ ရက်​နေ့​က ၂ စီး​ အတိုက်ခံရပြီး​ ၅ စီး​က နမ့်​ခမ်း​ဘက် ဆက်သွား​တဲ့​အ​ကြောင်း​နဲ့​ ဒီယာဉ်​တွေဟာ ​ကေအိုင်​အေ တပ်မဟာ ၄ တပ်ရင်း​ ၈၊​ တပ်မဟာ ၃ တပ်ရင်း​ ၁၂ နဲ့​ ၂၇ ​တွေကို ထိုး​စစ်ဆင်ဖို့​ အင်အား​လာဖြည့်​တာလို့​ ယူဆတာ​ကြောင့်​ တိုက်ခိုက်တာလို့​ ဦး​လနန်က ​ပြောပါတယ်။

နှစ်ဖက် ​ဆွေး​နွေး​ဖို့​ ညှိနှိုင်း​နေချိန်မှာ တပ်အင်အား​ဖြည့်​တာ၊​ ထိုး​စစ်ဆင်တာ​တွေ မလုပ်သင့်​ဘူး​လို့​ ဆိုပါတယ်။

အခုလက်ရှိ ​ကေအိုင်အိုထိန်း​ချုပ်နယ်​မြေခွင်ထဲမှာ အစိုး​ရတပ်ရင်း​ပေါင်း​ ၁၀၀ နီး​ပါး​ရှိ​နေပြီး​ ထပ်တိုး​လာရင် တိုက်ပွဲ​တွေ ​ရှောင်နိုင်လိမ့်​မယ်မထင်ဘူး​လို့​ ဦး​လနန်က ​ပြောပါတယ်။

မူဆယ်မြို့​နယ် စယ်လန့်​ကျေး​ရွာအနီး​မှာ အစိုး​ရစစ်တပ် ယာဉ်တန်း​ ၂ စီး​ မနက် ၁၁ နာရီက ဗုံး​ခွဲတိုက်ခိုက်ခံရတဲ့​အတွက် တပ်ကြပ်ကြီး​ ၁ ဦး​နဲ့​ တပ်သား​ ၁ ဦး​ ​သေဆုံး​ခဲ့​ပြီး​ ဒုအရာခံဗိုလ် ၁ ဦး​အပါအဝင် စုစု​ပေါင်း​ ၆ ဦး​ ဒဏ်ရာရခဲ့​တယ်လို့​ မူဆယ်​ဒေသခံ​တွေက ​ပြောပါတယ်။

ဒီ​နေ့​ မနက် ၈ နာရီခွဲ​လောက်ကလည်း​ အစိုး​ရစစ်သား​တွေပါလာတဲ့​ ကား​တစီး​ဟာ မူဆယ်က​နေ နမ့်​ခမ်း​ဘက်အလာ နမ့်​လိုင်နဲ့​ နမ့်​လောင်း​ရွာကြား​မှာ ဗုံး​နဲ့​ဖောက်ခွဲခံခဲ့​ရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024