A d v e r t i s e m e n t With Us

အစိုး​ရတပ်ယာဉ်တန်း​ကို ​ကေအိုင်​အေ ဟန့်​တား​တိုက်ခိုက်

ရှမ်း​ပြည်​မြောက်ပိုင်း​ မူဆယ်မြို့​နယ်ထဲမှာ အစိုး​ရတပ်ယာဉ်တန်း​တွေကို သူတို့​ တိုက်ခိုက်ဟန့်​တား​တာဖြစ်တယ်လို့​ ကချင်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို)က ​ပြောပါတယ်။

ကေအိုင်အို ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​လနန်က “ဒီ​နောက်ပိုင်း​မှာ အစိုး​ရစစ်တပ်က​နေပြီး​တော့​ အင်အား​တွေ အများ​ကြီး​ တိုး​ချဲ့​လာတာရှိတယ်။ ဒီအတွက် ကျ​နော်တို့​ဘက်ကိ ဝင်လာမယ့်​ စစ်​ကြောင်း​တွေကို ​နှောင့်​ယှက်ဟန့်​တား​ ကာကွယ်တာ​တော့​ လုပ်ရမှာပါ။ အစိုး​ရ ယာဉ်တန်း​ကို ကျ​နော်တို့​ တိုက်ခိုက်တာပါ။ မဟန့်​တား​ဘူး​ဆိုရင် အစိုး​ရစစ်တန်း​က ကျ​နော်တို့​ စခန်း​ကို လာပြီး​တော့​ စစ်ဆင်​ရေး​လုပ်ဖို့​ လာတဲ့​ တပ်ဖွဲ့​တွေပါ။ ဒါ​ကြောင့်​ ကြိုပြီး​တော့​ ပစ်ခတ်တာ​တွေ လုပ်တာပါ။ ဒါကို မှား​တယ်လို့​ ​ပြောလို့​မရပါဘူး​။ သူတို့​ရဲ့​ စစ်​ကြောင်း​တွေ လှုပ်ရှား​မှုမရှိဘူး​ဆိုရင်​တော့​ ဒီလို​တွေ ဖြစ်မှာမဟုတ်ဘူး​”လို့​ ​ပြောပါတယ်။

လား​ရှိုး​ဘက်ကလာတဲ့​ အစိုး​ရတပ်ယာဉ်တန်း​ ၇ စီး​မှာ ဇူလိုင် ၈ ရက်​နေ့​က ၂ စီး​ အတိုက်ခံရပြီး​ ၅ စီး​က နမ့်​ခမ်း​ဘက် ဆက်သွား​တဲ့​အ​ကြောင်း​နဲ့​ ဒီယာဉ်​တွေဟာ ​ကေအိုင်​အေ တပ်မဟာ ၄ တပ်ရင်း​ ၈၊​ တပ်မဟာ ၃ တပ်ရင်း​ ၁၂ နဲ့​ ၂၇ ​တွေကို ထိုး​စစ်ဆင်ဖို့​ အင်အား​လာဖြည့်​တာလို့​ ယူဆတာ​ကြောင့်​ တိုက်ခိုက်တာလို့​ ဦး​လနန်က ​ပြောပါတယ်။

နှစ်ဖက် ​ဆွေး​နွေး​ဖို့​ ညှိနှိုင်း​နေချိန်မှာ တပ်အင်အား​ဖြည့်​တာ၊​ ထိုး​စစ်ဆင်တာ​တွေ မလုပ်သင့်​ဘူး​လို့​ ဆိုပါတယ်။

အခုလက်ရှိ ​ကေအိုင်အိုထိန်း​ချုပ်နယ်​မြေခွင်ထဲမှာ အစိုး​ရတပ်ရင်း​ပေါင်း​ ၁၀၀ နီး​ပါး​ရှိ​နေပြီး​ ထပ်တိုး​လာရင် တိုက်ပွဲ​တွေ ​ရှောင်နိုင်လိမ့်​မယ်မထင်ဘူး​လို့​ ဦး​လနန်က ​ပြောပါတယ်။

မူဆယ်မြို့​နယ် စယ်လန့်​ကျေး​ရွာအနီး​မှာ အစိုး​ရစစ်တပ် ယာဉ်တန်း​ ၂ စီး​ မနက် ၁၁ နာရီက ဗုံး​ခွဲတိုက်ခိုက်ခံရတဲ့​အတွက် တပ်ကြပ်ကြီး​ ၁ ဦး​နဲ့​ တပ်သား​ ၁ ဦး​ ​သေဆုံး​ခဲ့​ပြီး​ ဒုအရာခံဗိုလ် ၁ ဦး​အပါအဝင် စုစု​ပေါင်း​ ၆ ဦး​ ဒဏ်ရာရခဲ့​တယ်လို့​ မူဆယ်​ဒေသခံ​တွေက ​ပြောပါတယ်။

ဒီ​နေ့​ မနက် ၈ နာရီခွဲ​လောက်ကလည်း​ အစိုး​ရစစ်သား​တွေပါလာတဲ့​ ကား​တစီး​ဟာ မူဆယ်က​နေ နမ့်​ခမ်း​ဘက်အလာ နမ့်​လိုင်နဲ့​ နမ့်​လောင်း​ရွာကြား​မှာ ဗုံး​နဲ့​ဖောက်ခွဲခံခဲ့​ရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up