Live
Home
မြန်မာသတင်း
မုံရွာမြို့နှင့် ၁၄ မိုင်ခန့်အကွာ ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ ငလျင်လှုပ်
DVB
·
June 26, 2018
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အနီး ဒီကနေ့ မနက်က အင်အား ၄ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားကြောင်း မိုးဇလကဌာနက ထုတ်ပြန်ပါတယ်။ ဒီကနေ့ ဇွန်လ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ (၃၂)မိနစ်၊ (၁၆)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၇၆ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း မုံရွာမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၉၄ ဒီဂရီ၊ အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး  အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း ဖော်ပြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024