ဘတပြန် ကျားတပြန် တိုက်ခိုက်မှုတွေနဲ့ ကျားနှစ်ကောင်ကြား အစာလုတိုက်ပွဲ (ရုပ်သံ)

သားရိုင်းတိရစ္ဆာန်တွေထဲမှာ သားစားကြူးတဲ့ သတ္တဝါတွေလို့ နာမည်ကြီးတဲ့ ကျားစုံတွဲတတွဲကြား ဘတပြန် ကျားတပြန် အစာလုတိုက်ပွဲတခု ဖြစ်ခဲ့တာဟာ ကြုံတွေ့ရသူတွေ အဖို့တော့ တကယ့်ကို သွေးပျက်စရာပါပဲ။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံမှာ နာမည်ကြီးတဲ့ မြောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်၊ ရမ်သမ်ဘိုးရ် အမျိုးသား သဘာဝဥယျာဉ်ထဲမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းမှာ ဇွန်လ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကျားအထီးနဲ့ အမဟာ ရှေ့မှာရှိတဲ့ အစာကို လုဖို့ ကြိုးစားရာက စတင်တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။ ကျားနှစ်ကောင်ဟာ ဟိန်းဟောက် မာန်ဖီလိုက်ကြပြီး ကိုက်ခဲဖို့ ကြိုးစားရင်း တကောင်နဲ့ တကောင် ခုန်အုပ်တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီနောက်တော့ နှစ်ကောင် လုံးထွေးရင်း ကျားအမဟာ မြေပြင်ဆီ လဲကျသွားပြီး နောက်မှာတော့ ရုန်းထွက်ကာ တောထဲကို ထွက်ပြေးသွားခဲ့တာ တွေ့ရပါတယ်။ ဆာဖာရီဥယျာဉ်တွင်း လာရောက်လေ့လာကြသူတွေဟာ အချိန် ၁၅ မိနစ်လောက် ဘာမှမပြောနိုင်ဘဲ ငြိမ်သက်နေခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ သားရိုင်းတိရစ္ဆာန်နဲ့ ကျားအရေး ကျွမ်းကျင်သူ ဒင်ဒါဂေါ့ဒ်ဟာက ရိုက်ကူးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up