တရုတ်တွင် မုန်တိုင်းမိုးတိုက်ခတ်၊ ရေကြီးမြေပြိုပြီး လူ ၆ ဦးသေ

တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းတွေမှာ ဇွန် ၂၃ နဲ့ ၂၄ ရက်နေ့တွေက မုန်တိုင်းမိုးတွေ တိုက်ခတ်ခဲ့လို့ လူအသေအပျောက် ရှိခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အကြီးအကျယ် ရေကြီးခဲ့လို့ အဆောက်အဦတွေ ပြိုကျပြီး မြေပြိုတဲ့အတွက် လူ ၆ ဦး သေဆုံးပါတယ်။ ဘိုင်ဆေမြို့ ထျန့်လင်မြို့နယ်မှာ တနင်္ဂနွေနေ့က ၂၄ နာရီအတွင်း မိုးရေချိန် ၁ဝဝ မီလီမီတာကျော်အောင် ရွာခဲ့တာပါ။ ဝေကျားကို့ရွာမှာ အိမ်ခြေ ၂ဝ ကျော် ပြိုကျပြီး လူအယောက် ၃၈ဝ ကျော် ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ မြေပြိုလို့ လမ်းတွေ အရေအတွက်တဝက်လောက် ပြတ်တောက်ခဲ့ပါတယ်။ ဒေသခံ အာဏာပိုင်တွေနဲ့ ဒေသခံတွေက သယ်ယူပို့ဆောင်ရေး ပြန်ချိတ်ဆက်မိအောင် ကြိုးစားနေပါတယ်။ နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဝမ်ရှန်းနဲ့ မြောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ အားကြီးတဲ့ တောင်ကျရေကြောင့် ရုတ်တရက် ရေကြီးခဲ့ပါတယ်။ ဒါကြောင့် ဒေသတွင်း လယ်မြေဧရိယာ အများအပြားနဲ့ ကျောင်းတကျောင်း ရေမြုပ်ခဲ့ပါတယ်။ ရေဟာ ၁ ဒသမ ၈ မီတာထိ မြင့်တက်ခဲ့တာပါ။ ကလေးကစားကွင်းထဲက ဘတ်စ်ကက်ဘောစင်လည်း မျောပါသွားတဲ့အပြင် အသစ်ဆောက်လုပ် ပြီးစီးခါစ အဆောက်အဦတချို့လည်း ရေအောက် မြုပ်ခဲ့ပါတယ်။ ကျောင်းပိတ်ရက်မှာ ရေကြီးတာဖြစ်လို့ ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ စီစီတီဗွီ သတင်းဌာနက အစီရင်ခံပါတယ်။ ဒေသန္တရအစိုးရက အရေးပေါ်တုံ့ပြန်ရေး စီမံကိန်းကို စတင်ပြီး ကယ်ဆယ်ရေး လုပ်နေပါတယ်။ ကွမ်းနန်မြို့နယ်က အဝေးပြေးလမ်းလည်း ရေကြီးမှုကြောင့် တိုက်စားသွားခဲ့တာပါ။ လမ်းကို လာမယ့်ရက်တွေအတွင်း ဆက်ပိတ်ထားရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up