အမေရိကန်တွင် လိင်တူစိတ်ဝင်စားသူများ အထိမ်းအမှတ်ပွဲ ကျင်းပ

အမေရိကန်ပြည်ထောင်စု နယူးယောက်၊ ဆန်ဖရန်စစ္စကိုနဲ့ တခြားမြို့ကြီးတွေမှာ ဇွန်လ ၂၄ ရက်နေ့က လိင်တူစိတ်ဝင်စားသူများ အထိမ်းအမှတ်ပွဲတော် ကျင်းပခဲ့ပါတယ်။ အဲဒီပွဲတော်မှာ အလှပြယာဉ်တွေ၊ ဂီတဖျော်ဖြေမှုတွေနဲ့ ကခုန်တာတွေလည်း ပါဝင်ပါတယ်။ လိင်တူစိတ်ဝင်စားသူတွေကို ထောက်ခံသူတွေဟာ ရောင်စုံဘောလုံးတွေ ကိုင်မြှောက်ပြီး  တချို့ကလည်း သက်တန့်အလံတွေ ဝှေ့ ရမ်းကာ ပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဆန်ဖရန်စစ္စကိုမြို့မှာတော့ မြို့ကို အပေါ်စီးကမြင်နိုင်တဲ့ တောင်ကုန်းပေါ်မှာ  “ပန်းရောင်တြိဂံ” အမှတ်လက္ခဏာကို ပုံဖော်ထားပါတယ်။ နာဇီတွေက အဲဒီအမှတ်လက္ခဏာကို လိင်တူစိတ်ဝင်စားသူတွေ ခွဲခြားအရှက်ခွဲဖို့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်နှစ်တွေက လိင်တူစိတ်ဝင်စားသူ အသိုက်အဝန်းဟာ အဲဒီအမှတ်လက္ခဏာကို အဓိပ္ပာယ်ပြောင်းပြန်သတ်မှတ်ပြီး “ဂုဏ်ယူစရာ” အဖြစ် အသုံးပြုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up