အီသီယိုးပီးယား ဝန်ကြီးချုပ်၏ လူထုစည်းဝေးပွဲအတွင်း ဗုံးပေါက်ကွဲ၊ ၂ ဦးသေ

ဓာတ်ပုံ - AFP
အီသီယိုးပီးယားနိုင်ငံမှာ ဇွန်လ ၂၃ ရက်နေ့က ဝန်ကြီးချုပ်ရဲ့ လူထုစည်းဝေးပွဲအတွင်း ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားပါတယ်။ ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၅ဝ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီထဲက ၄ဝ ကျော်ကို ဆေးရုံတင်ထားရပြီး ၅ ဦးဟာ အခြေအနေ စိုးရိမ်ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ပရိသတ် သိန်းချီတက်ရောက်တဲ့ ဝန်ကြီးချုပ် အဘီအာမက်ရဲ့ လူထုစည်းဝေးပွဲအတွင်း လူတဦးက စင်မြင့်အနီးကို လက်ပစ်ဗုံး ပစ်သွင်းခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ကိုတော့ ပေါက်ကွဲမှုဖြစ်ပြီးနောက် အဲဒီနေရာကနေ ချက်ချင်း ခေါ်ထုတ်သွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up