Home
ရုပျသံ
လေဆိပ်ပြေးဆွဲသည့် YBS လိုင်းသစ်၊ အလှမယ် အေးချမ်းမိုးနှင့် မော်ဒယ်လှပျိုဖြူများ (ရုပ်သံ)
DVB
·
June 25, 2018
  ရန်ကုန်လေဆိပ်နဲ့ ဘူတာကြီးကို လွန်းပြန်စတင်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းသစ်ကို မိတ်ဆက်တဲ့အနေနဲ့ ရန်ကုန်မြို့လယ်ကောင်မှာ အလှမယ် အေးချမ်းမိုးနဲ့ တခြားမော်ဒယ် မိန်းကလေးတွေက လက်ကမ်းစာစောင်တွေ မျှဝေခဲ့ကြပါတယ်။ အခု အသစ်စတင်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းကိုတော့ YBS-Airport Shuttle လို့ အမည်ပေးထားပြီး ဒီယာဉ်လိုင်းကို Omni Focus ကုမ္ပဏီက Foton အမျိုးအစား ကားတွေနဲ့ ဇွန်လ ၂၂ ရက်ကတည်းက စတင်ပြေးဆွဲနေတာ ဖြစ်ပါတယ်။ ယာဉ်စီးခအနေနဲ့ ၅ဝဝ ကျပ် သတ်မှတ်ထားပြီး မှတ်တိုင်အားလုံး မရပ်ဘဲ မှတ်တိုင် ၁၁ ခု ပဲ ရပ်တန့်မယ်လို့ သိရပါတယ်။ YBS-Airport Shuttle ယာဉ်လိုင်းဟာ လေဆိပ်ကနေ ၈ မိုင်၊ ကမ္ဘာအေးဘုရားလမ်းအတိုင်း ဆူးလေအထိ ပြေးဆွဲနေတာ ဖြစ်ပါတယ်။ ရုပ်သံ- Omnifocus20
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024