အာရှ ရုပ်ရှင်အနုပညာထူးချွန်ဆု ပြိုင်ပွဲတွင် တရုတ်နိုင်ငံက ထူးချွန်ဆု ၃ ဆုရ

ရှန်ဟိုင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ ၂ဝ၁၈ အာရှရုပ်ရှင် အနုပညာထူးချွန်ဆု ပြိုင်ပွဲမှာ တရုတ်နိုင်ငံက ထူးချွန်ဆု ၃ ဆု ရရှိခဲ့ပါတယ်။ ၂၁ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြုလုပ်တဲ့ ၂ဝ၁၈ အာရှရုပ်ရှင် အနုပညာ ထူးချွန်ဆုပြိုင်ပွဲမှာ တရုတ်နိုင်ငံက ထူးချွန်ဆု ၃ ဆု ရရှိသွားတာပါ။ ဒီထူးချွန်ဆုပြိုင်ပွဲဟာ ရုပ်ရှင်လုပ်ငန်းအတွက် အရည်အသွေးရှိ လူငယ်တွေကို ရွေးချယ်ပြီး ရုပ်ရှင်ဖန်တီးသူ လူငယ်တွေရဲ့ တီတွင်ကြံဆနိုင်စွမ်း မြင့်တက်စေဖို့ ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်။ “ဒီလောကကို ဝင်ရောက်မယ့် လူငယ်တွေကို ပြောချင်တာနှစ်ခု ရှိပါတယ်။ ပထမတခုက ကိုယ် ဒီလုပ်ငန်းအပေါ် တကယ်မြတ်နိုးတာလားဆိုတာ သေချာ သဲသဲကွဲကွဲသိဖို့ လိုပါတယ်။ နောက်တခုက ကိုယ်တကယ်လုပ်နိုင် မနိုင်ဆိုတာ ရှိတယ်။ နှစ်ခုစလုံး အရေးကြီးတယ်။ ကိုယ့်အနေနဲ့က အမြဲကြိုးစားနေရမှာပဲ။ ဘာလို့လဲဆိုတော့ ဖြတ်လမ်းမရှိဘူးလေ” လို့ ၂ဝ၁၈ အာရှရုပ်ရှင် အနုပညာထူးချွန်ဆုပြိုင်ပွဲ အကဲဖြတ်ဒိုင် ဆောင်းဂျီယာက ပြောပါတယ်။ “ကျနော် အံ့အားသင့်မိတယ်။ ဘာလို့လဲဆိုတော့ ဒီမှာယှဉ်ပြိုင်တဲ့ တင်ဆက်ပုံအတော်များများ သိပ်ကိုကောင်းကြလို့ပါ” လို့လည်း အကောင်းဆုံး ဒါရိုက်တာဆုရှင် တန်ကောင်းပင်းက ပြောပါတယ်။ “ကျနော်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင် ကျန်းကွမ်းရှန်ရဲ့ စရိုက်က ကိုယ့်နေရာကို တိတ်တဆိတ် ဖက်တွယ်နေတတ်တဲ့ လူငယ်အတော်များများရဲ့ စရိုက်ပါပဲ” လို့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုရ ထင်ရှီးရယ်ကလည်း ပြောပါတယ်။ ဒီရုပ်ရှင်အနုပညာ ထူးချွန်ဆုပေးပွဲမှာ ရွှေဝိုင်ကလပ်ဆု နှစ်ဆုကိုတော့ ရုရှား အင်နီးမေးရှင်းဇာတ်လမ်းတို ရုပ်ရှင် Tweet-Tweet နဲ့ တရုတ်ရုပ်ရှင် White Sheep in the Car တို့က အသီးသီး ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up