မော်ဒိုဗာ မြို့တော်ဝန်ရွေးကောက်ပွဲရလဒ် တရားရုံး ပယ်ချမှုအပေါ် လူသောင်းချီ ဆန္ဒပြ

မော်ဒိုဗာနိုင်ငံ မြို့တော် ချက်စင်နောမှာ မြို့တော်ဝန်ရွေးကောက်ပွဲ ရလဒ်ကို တရားရုံးက ပယ်ချခဲ့တဲ့အပေါ် ဇွန်လ ၂၄ ရက်နေ့က လူပေါင်း သောင်းနဲ့ချီပြီး စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြလူအုပ်ကြီးဟာ အရင်ဆုံး အစိုးရအဖွဲ့ရုံးရှေ့ ရင်ပြင်မှာ စုဝေးကြပြီးနောက် လွှတ်တော်ရှိရာကို ချီတက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က တရားရုံးဟာ မြို့တော်ဝန်လောင်း အန်ဒရေးနက်စ်တာဆီ အနိုင်ရရှိမှုကို စည်းကမ်းချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီကတည်းကစလို့ မော်ဒိုဗာနိုင်ငံသား ရာနဲ့ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။  နက်စ်တာဆီကတော့ တရားရုံးဟာ အာဏာရပါတီ အကြီးအကဲရဲ့ မေတ္တာရပ်ခံချက်ကြောင့် အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်က မော်ဒိုဗာနိုင်ငံမှာ ဘဏ်လုပ်ငန်းလိမ်လည်မှု ဖြစ်ပြီးကတည်းက  နက်စ်တာဆီဟာ ပိုမိုပွင့်လင်းမြင်သာမှုရှိရေး လှုပ်ရှားမှုကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up