ကျောက်ဖြူမြို့တွင် ကျောင်းသားများ ဆန္ဒပြ
အေးနိုင်
·
July 9, 2012
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မလယ်ကွန်းကျေးရွာမှာ ဒီမနက် ၇ နာရီခန့်က ကျောင်းသား ၁၀၀ ခန့်ဟာ သူတို့ဒေသက လမ်းတွေ ပျက်စီးနေတဲ့အတွက် ပြုပြင်ပေးဖို့ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။
ချီတက်ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ ဂုံးရှင်အထက်တန်းကျောင်းကဖြစ်ပြီး ပိုစတာတွေ ကိုင်ဆောင်ချီတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့တွေကို အဖမ်းအဆီးခံရတာတော့ မကြားရဘူးလို့ ကျောက်ဖြူဒေသခံက ပြောပါတယ်။