A d v e r t i s e m e n t With Us

ကျောက်ဖြူမြို့​တွင် ​ကျောင်း​သား​များ​ ဆန္ဒပြ

ရခိုင်ပြည်နယ်၊​ ​ကျောက်ဖြူမြို့​နယ် မလယ်ကွန်း​ကျေး​ရွာမှာ ဒီမနက် ၇ နာရီခန့်​က ​ကျောင်း​သား​ ၁၀၀ ခန့်​ဟာ သူတို့​ဒေသက လမ်း​တွေ ပျက်စီး​နေတဲ့​အတွက် ပြုပြင်​ပေး​ဖို့​ လမ်း​လျှောက်ချီတက် ဆန္ဒပြခဲ့​ကြတယ်လို့​ ​ကျောက်ဖြူ​ဒေသခံတဦး​က ​ပြောပါတယ်။ ချီတက်ဆန္ဒပြတဲ့​ ​ကျောင်း​သား​တွေဟာ ဂုံး​ရှင်အထက်တန်း​ကျောင်း​ကဖြစ်ပြီး​ ပိုစတာ​တွေ ကိုင်​ဆောင်ချီတက်ခဲ့​ကြတယ်လို့​ ဆိုပါတယ်။ သူတို့​တွေကို အဖမ်း​အဆီး​ခံရတာ​တော့​ မကြား​ရဘူး​လို့​ ​ကျောက်ဖြူ​ဒေသခံက ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up