ဘဏ်ကနေငွေလွှဲရင် ဂရုပြုဆင်ခြင်ရန် စီဘီဘဏ် သတိပေးထုတ်ပြန်
DVB
·
June 24, 2018
ဘဏ်ကနေငွေလွှဲမယ်ဆိုရင် ဂရုပြုဆင်ခြင်ဖို့နဲ့ သံသယဖြစ်တယ်ဆိုရင် ဘဏ်ခွဲတာဝန်ခံနဲ့ တွေ့ဆုံ အကြံဉာဏ်ရယူဖို့ စီဘီဘဏ်က သတိပေးထုတ်ပြန်ပါတယ်။
ကံစမ်းမဲပေါက်တာ၊ နိုင်ငံခြားက ပါဆယ်ပစ္စည်း ဒါမှမဟုတ် ငွေကြေးပို့မယ်လို့ ပြောလာ တာ၊ ဆုမဲကိစ္စ ဆောင်ရွက်ဖို့ စတဲ့ အကြောင်းပြချက်တွေနဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ရင်းနှီးမှုရယူပြီးတော့ ဘဏ်ကတဆင့် ငွေလွှဲပေးပို့စေတာ စတဲ့ အွန်လိုင်းက လိမ်လည်တာတွေ မကြာခဏ ကြားသိနေရတယ်လို့ ဆိုပါတယ်။
မကြာသေးခင်ကလည်း မန္တလေးမှာနေထိုင်တဲ့ အဝတ်အထည်ဖြန့်ဖြူးရောင်းချသူ တယောက်ဆီကနေ ပြင်ဦးလွင်ကလို့ ပြောတဲ့ အမျိုးသမီးတယောက်က အွန်လိုင်းကနေ ပစ္စည်း သိန်း ၄၀ ကျော်ဖိုးမှာယူပြီး ငွေမချေဘဲ တိမ်းရှောင်နေလို့ အမှုဖွင့်ထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။