Home
မြန်မာသတင်း
ရှစ်လေးလုံးပြည်သူ့ပါတီ နာမည်ပြောင်းလဲမည်ဟု ဦးကိုကိုကြီးပြော
DVB
·
June 24, 2018
လက်ရှိမှာ ကန့်ကွက်တာတွေများနေတဲ့ ရှစ်လေးလုံးပြည်သူ့ပါတီကို နာမည်ပြောင်းလဲ မယ်လို့  နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီဝင် ဦးကိုကိုကြီးက ပြောပါတယ်။ ရှစ်လေးလုံးပြည်သူ့ပါတီဆိုတဲ့နာမည်ကို ကန့်ကွက်တာတွေများနေပြီး ရွေးကောက်ပွဲ ကော်မရှင်ကလည်း ပါတီနာမည်ကို ကန့်ကွက်လိုက်တဲ့အပေါ် ဇွန်လ ၂၄ ရက်နေ့မှာ ပြည်နယ်နဲ့တိုင်းအလိုက် အစည်းဝေးခေါ်ယူပြီး ဦးကိုကိုကြီးက ပြောဆိုလိုက်တာပါ။ “ပါတီနာမည်ပြောင်းရမှာတော့ သေချာတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ကိစ္စတွေအပေါ်မှာ တရားမျှတရေး ရှုထောင့်၊ ဥပဒေရှုထောင့်နဲ့ ရှင်းပြခဲ့တာဖြစ်ပေမယ့် မူလရပ်တည်ချက်ဖြစ်တဲ့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးဆိုတာကို ရပ်တည်ထားတယ်။ ဒါကြောင့် ယေဘုယျအားဖြင့်တော့ ကျနော်တို့က ပါတီနာမည်ပြောင်းကို ပြောင်းရမှာဖြစ်တယ်။ ကျနော်တို့မှာ ခုခံချေပခွင့်မရှိဘူး။ အထက်ရုံးတွေကို တင်ပြခွင့်မရှိဘူး။ တခါတည်း အပြတ်ရှင်းထားတာဖြစ်လို့ ကျနော်တို့က ပါတီထောင်မယ်ဆိုရင် ကော်မရှင်ရဲ့ ညွန်ကြားချက်ကို လိုက်နာရမှာပဲ ဖြစ်တယ်လို့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီဝင် ဦးကိုကိုကြီးက ပြောဆိုလိုက်တာပါ။ ပါတီနာမည်ပြောင်းဖို့ အစည်းဝေးကိုလာမယ့် ကိစ္စအတွက် လာမယ့် ဇူလှိုင်လ ၈ ရက်နေ့ မနက်ပိုင်း မန္တလေးမြို့မှာ ကျင်းပမှာဖြစ်ပြီး အဲဒီနေ့မှာတော့ ပါတီနာမည် လိုဂိုအမှတ်တံဆိပ် စတာတွေကို ကြေညာသွားမှာလို့ ဆိုပါတယ်။ အခုလို ပါတီနာမည်ထပ်မံပြောင်းလဲ မှတ်ပုံတင်ရမယ့်အတွက် ဥပဒေအရ လာမယ့်ကြားဖြတ် ရွေးကောက်ပွဲမှာပါဝင်ဖို့လည်း ရာခိုင်နှုန်းနည်းသွားပြီဖြစ်ပြီး ဥပဒေပါ အားနည်းချက်တွေကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024