Home
မြန်မာသတင်း
က​လေး​တွေအ​ကြောင်း​ ပို​ဖော်ပြကြရန် မီဒီယာများ​ကို ဂျက်ကီချန်း​ တိုက်တွန်း
ပီတာအောင်
·
July 8, 2012

မြန်မာနိုင်ငံကို ၃ ရက်ခရီး​ လာ​ရောက်ခဲ့​တဲ့​ ကမ္ဘာ​ကျော် ကွန်ဖူး​နဲ့​ ဟာသရုပ်ရှင် သရုပ်​ဆောင်လည်း​ဖြစ် ကုလသမဂ္ဂ က​လေး​များ​ရန်ပုံ​ငွေအဖွဲ့​ (ယူနီဆက်ဖ်)ရဲ့​ ချစ်ကြည်​ရေး​ သံတမန်လည်း​ဖြစ်တဲ့​ မင်း​သား​ ဂျက်ကီချန်း​က မီဒီယာ​တွေအ​နေနဲ့​ က​လေး​သူငယ်​တွေနဲ့​ ပတ်သက်တဲ့​ အ​ကြောင်း​အရာ​တွေကို ပိုမို​ရေး​သား​ ထုတ်လွှင့်​ကြဖို့​ တိုက်တွန်း​လိုက်ပါတယ်။

က​လေး​သူငယ်​တွေ လူကုန်ကူး​ခံရမှု တား​ဆီး​ကာကွယ်တိုက်ဖျက်​ရေး​ လုပ်ငန်း​တွေမှာ အ​ထောက်အကူဖြစ်​စေဖို့​ ရည်ရွယ်ပြီး​ မြန်မာနိုင်ငံကို ​ရောက်​နေတဲ့​ မင်း​သား​ဂျက်ကီချန်း​က သူ့​ရဲ့​ ခရီး​စဉ် ​နောက်ဆုံး​နေ့​ ရန်ကုန်မြို့​မှာ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ မီဒီယာ​တွေအ​နေနဲ့​ ထင်​ပေါ်​ကျော်ကြား​သူ​တွေရဲ့​ အတင်း​အဖျင်း​တွေ ​ရေး​နေမယ့်​အစား​ က​လေး​တွေအ​ကြောင်း​ ပိုမို​ရေး​သား​ထုတ်လွှင့်​ကြဖို့​ ​ပြောကြား​ခဲ့​တာပါ။

[caption id="attachment_27700" align="alignleft" width="297" caption="(ဓာတ်ပုံ- ဒီဗွီဘီ)"][/caption]“သတင်း​မီဒီယာအ​နေနဲ့​ က​လေး​သူငယ်​တွေ လူကုန်ကူး​ခံရတဲ့​ အ​ကြောင်း​တွေ က​လေး​တွေကို ထိခိုက်နာကျင်​အောင် လုပ်သူ​တွေရဲ့​အ​ကြောင်း​တွေ ပိုတိုး​မြှင့်​ပြီး​ ​ပြောကြဖို့​ ကျ​နော်တကယ့်​ကို ​မျှော်လင့်​ပါတယ်။ လူဆိုး​ ဘယ်နှ​ယောက်ကို ရဲကဖမ်း​မိတယ်ဆိုတာ​တွေပါ။ ဂျက်ကီ ရည်း​စား​သစ်ရတယ်။ ​လေဒီဂါဂါ အရက်မူး​တယ် ဆိုတာမျိုး​တွေ မဟုတ်ပါဘူး​။ ဒါ​တွေက အ​ရေး​မကြီး​ပါဘူး​။ ခုဖြစ်​နေတဲ့​ပြဿနာက မီဒီယာ​တွေအား​လုံး​က အတင်း​အဖျင်း​တွေကိုပဲ စိတ်ဝင်စား​နေကြတာပါ။ က​လေး​တွေအ​ကြောင်း​ သတင်း​တွေ ကျ​နော်တို့​ လိုအပ်ပါတယ်။ ဒါမှ ကျ​နော်တို့​ကူညီနိုင်မှာပါ”လို့​ ဂျက်ကီချန်း​က ​ပြောပါတယ်။

ဂျက်ကီချန်း​ဟာ ဇူလိုင် ၅ ရက်​နေ့​က တရုတ်နိုင်ငံက​နေ မန္တ​လေး​မြို့​ကို အထူး​လေယာဉ်နဲ့​ ​ရောက်ရှိလာတာဖြစ်ပြီး​ ဇူလိုင် ၆ ရက်​နေ့​မှာ မန္တ​လေး​ ​အောင်​မြေသာစံမြို့​နယ်က အမျိုး​သမီး​က​လေး​ငယ်များ​ ​စောင့်​ရှောက်​ရေး​ကျောင်း​နဲ့​ လူငယ်သင်တန်း​ကျောင်း​တွေကို သွား​ရောက်ပြီး​ က​လေး​ငယ်​တွေကို ​တွေ့​ဆုံ အား​ပေး​ခဲ့​ပါတယ်။

ဇူလိုင် ၇ ရက်မှာ​တော့​ ​ရွှေတိဂုံ​စေတီ ​တောင်ဘက်မုခ် ​ရွှေကျင်​ကျောင်း​တိုက် ရတနာ့​မေတ္တာအဖွဲ့​က ​စောင့်​ရှောက်ထား​တဲ့​ အသက် ၅ နှစ်နဲ့​ ၁၈ နှစ်အကြား​ က​လေး​ငယ်​တွေကို သွား​ရောက်​တွေ့​ဆုံခဲ့​ပါတယ်။ က​လေး​ငယ်​တွေဟာ သူတို့​ရဲ့​ အကစွမ်း​ရည်နဲ့​ သိုင်း​စွမ်း​ရည်​တွေကို ဂျက်ကီချန်း​ကို ပြသခဲ့​ကြပါတယ်။

ကျောင်း​သူတဦး​က ခုလို ကမ္ဘာ​ကျော် ရုပ်ရှင်မင်း​သား​ ဂျက်ကီချန်း​နဲ့​ ​တွေ့​ဆုံခွင့်​ရတာ အရမ်း​ကို ​ပျော်ရွှင်မိတယ်လို့​ ​ပြောပါတယ်။

“သမီး​ရဲ့​ ဘဝမှာ ဒီကိုလာမယ်လို့​ မ​မျှော်လင့်​မိခဲ့​ဘူး​။ အခုလို မထင်မှတ်ဘဲ ​ရောက်လာတဲ့​အတွက် အကုန်လုံး​လည်း​ ​ပျော်ကြတယ်။ သူနဲ့​ မျက်နှာချင်း​ဆိုင် ​တွေ့​ရမယ်လို့​လည်း​ မထင်ထား​တော့​ အခုလို​တွေ့​ရ​တော့​ အရမ်း​ကို ​ပျော်ပါတယ်။”

ဂျက်ကီချန်း​ဟာ က​လေး​ငယ်​တွေနဲ့​ ​တွေ့​ဆုံပြီး​နောက် ည​နေပိုင်း​မှာ​တော့​ သက်မွန်မြင့်​၊​ ချစ်သု​ဝေ၊​ ဝိုင်း​စုခိုင်သိန်း​၊​ ချမ်း​ချမ်း​၊​ ဖြူဖြူ​ကျော်သိန်း​၊​ R ဇာနည်၊​ ရဲတိုက်၊​ လူမင်း​၊​ ခန့်​စည်သူ၊​ မင်း​မော်ကွန်း​၊​ ​ပြေတီဦး​ စတဲ့​ရုပ်ရှင်နဲ့​ ဂီတနယ်ပယ်က မြန်မာ အနုပညာရှင်​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။

ဂျက်ကီချန်း​ဟာ ၂၀၀၄ ခုနှစ်ကစပြီး​ ယူနီဆက်ဖ်ရဲ့​ ချစ်ကြည်​ရေး​ အထူး​သံတမန်အဖြစ် တာဝန်ထမ်း​ဆောင်ခဲ့​ပြီး​ မြန်မာနိုင်ငံကို ပထမဆုံး​ လာ​ရောက်တဲ့​ ယူနီဆက်ဖ် ချစ်ကြည်​ရေး​သံတမန်လည်း​ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း​လုံး​မှာ နှစ်စဉ်နှစ်တိုင်း​ လူကုန်ကူး​ခံရတဲ့​ က​လေး​သူငယ်​ပေါင်း​ ၁ သန်း​ ၂ သိန်း​လောက် ရှိတယ်လို့​ ကုလသမဂ္ဂက ခန့်​မှန်း​ထား​ပြီး​ မြန်မာနိုင်ငံမှာ​တော့​ ပြီး​ခဲ့​တဲ့​ ၂၀၁၁ ခုနှစ်အတွင်း​ လူကုန်ကူး​ခံရသူ​ပေါင်း​ ၂၆၀ ​ကျော်ရှိတဲ့​အနက် ၆၀ ​ကျော်ဟာ က​လေး​ငယ်​တွေ ဖြစ်တယ်လို့​ မြန်မာအစိုး​ရက တရား​ဝင် ထုတ်ပြန်တဲ့​စာရင်း​အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024