Home
မြန်မာသတင်း
မြင်းခြံ မီးရထား အရှုံးပေါ်နေ၊ အဆင့်မြှင့်တင်​ရန် လိုအပ်
DVB
·
June 24, 2018
မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့ရှိ မြင်းခြံ ဘူတာမှ ​နေ့စဉ်​​ပြေးဆွဲနေတဲ့ မီးရထားတွေဟာ ခရီးသွားပြည်​သူ​တွေ စီးနင်းမှု သိသိသာသာ ​လျော့နည်းသွားတာ​ကြောင့် အရှုံး​ပေါ်​နေပြီး မီးရထားကိုလည်း ပြန်​လည်​အဆင့်မြှင့်တင်​ဖို့ လိုအပ်​​နေတယ်​လို့ ဇွန်​လ ၂၃ ရက်​​နေ့က မြင်းခြံဘူတာ ရုံပိုင်​တာဝန်​ခံ ဦးသန်း​ဌေးဝင်း က ​ပြောပါတယ်​။ ဦးသန်း​ဌေးဝင်းက “​နေ့စဉ်​ ​ပြေးဆွဲ​နေတဲ့ အစုန်​အဆန်​ မီးရထားက လုံ​လောက်​မှု ရှိပါတယ်​။ ဒါ​ပေမယ့် လက်​ရှိ​ပြေးဆွဲ​နေတဲ့ မီးရထား​တွေ ပြန်​ပြီးအဆင့်မြှင့်ဖို့​တော့ လိုအပ်​ပါတယ်​။ တခုရှိတာက မီးရထားဟာ အချိန်​ကန့်​သတ်​မှုရှိတယ်​။ ခု​နောက်​ပိုင်းမှာ လမ်းပန်းဆက်​သွယ်​​ရေး​တွေ ​ကောင်းလာတာဆို​တော့ ကား ဆိုင်​ကယ်​ စတာ​တွေ ပိုပြီး စီးနင်းလာကြတာ များလာတယ်​။ ပြီးခဲ့တဲ့ ၅ နှစ်​​လောက်​က​တော့ မီးရထား ​ပြေးဆွဲ​နေတဲ့ လမ်းဘူတာ​တွေမှာ ခရီးသည်​ အဆင်းအတက်​ ​နေ့စဉ်​ ၅ဝဝ ဝန်းကျင်​ စီးနင်း​နေခဲ့ပြီး ခုချိန်​မှာ​တော့ ၁ဝဝ ဝန်းကျင်​သာ စီးနင်းသူ ရှိသလို မီးရထားဖြင့် ကုန်​ပစ္စည်း တင်​ပို့မှုကလည်း မရှိသ​လောက်​ ဖြစ်​​နေပြီး၊ ​နေ့စဉ်​ အရှုံးနဲ့ ​ပြေးဆွဲ​နေရတယ်​လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ မြင်းခြံ - ရန်​ကုန်​၊ ​ညောင်​ဦး - မန္တလေး၊ မြင်းခြံ - မြို့သာ စတဲ့ ​နေရာ​တွေကို ​နေ့စဉ်​ အစုန်​ အဆန်​ ​ပြေးဆွဲ​နေတာ ဖြစ်​ပြီး မီးရထား စီးနင်းသူ သိသိသာသာ ​လျော့နည်း​နေတာ ဖြစ်​ပါတယ်​။ “မီးရထား​တော့ မစီးဖြစ်​​တော့ဘူး။ ဘာလို့လည်းဆို​တော့ အချိန်​ကျန့်​ကြာမှု​တွေရှိတယ်​။ ပြီး​တော့ မီးရထားတွဲ​တွေက ညစ်​ပတ်​တယ်​၊ မသန့်​ရှင်းဘူး။ အနံ့အသက်​မ​ကောင်းတာဆို​တော့ မစီးဖြစ်​​တော့ဘူး။ ခု​နောက်​ပိုင်းမှာ ခရီးသွား​တွေအတွက်​ ​ရွေးချယ်​စရာ​ ကားဂိတ်​​တွေ အများကြီး ရှိလာတာဆို​တော့ မီးရထားကို မစီးချင်​​တော့တာ​ပေါ့။ ဟိုအရင်​က​တော့ ခရီးသွား​တွေဟာ မီးရထားကိုပဲ အားကိုးပြီး သွားလာ​နေကြရတာဆို​တော့ စီးဖြစ်​တယ်​။ ဒါ​ပေမယ့် မီးရထားတွဲ​တွေ သန့်​ရှင်းပြီး အဆင့်မြှင့်တင်​​ပေးမယ်​ဆိုရင်​​တော့ မီးရထားစီးသူ​တွေ ပြန်​ရှိလာဦးမှာပါ” လို့ မြင်းခြံမြို့ခံတ​ဦးက ပြောပါတယ်။ မြင်းခြံကနေ ရန်​ကုန်​ကို ရထားတွဲ ၁ တွဲအား သာစည်​ဘူတာမှ​နေ ပြန်​လည်​ ချိတ်​ဆက်​ထားတာဖြစ်​ပြီး မြင်းခြံ-ရန်​ကုန်​ တ​ဦးကို ၃၄ဝဝ ကျပ်​ နှုန်း သတ်​မှတ်​ထားတာ ဖြစ်​ပါတယ်​။ မြင်းခြံ-မန္တလေး အထက်​တန်းတွဲ တဦးကို ၁၉၅ဝ ကျပ်​ နဲ့ ရိုးရိုးတန်းအား ၁ဝဝဝ ကျပ်​ သတ်​မှတ်​ထား​​ပြီး မြင်းခြံဘူတာမှာ မီးရထားဝန်​ထမ်း အင်​အား ၁၆ ဦးရှိတာ ဖြစ်​ပါတယ်​။ သတင်း - ရီရီထွန်း (မြင်းခြံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024