၁၀ ပေခန့်ရှည်လျားသည့် စပါးအုံးမြွေကြီး ဒဂုံမြို့နယ်တွင် ဖမ်းမိ
DVB
·
June 24, 2018
ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်မှာ ၁၀ ပေလောက်ရှည်လျားတဲ့ စပါးအုံးမြွေ ကြီးတကောင် တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မီးသတ်ဌာနကို ဇွန်လ ၂၃ ရက်နေ့၊ ည ၁၀ နာရီလောက်က ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ပန်ထွာလမ်း၊ အမှတ် (၁၉) နေအိမ် ခြံရှေ့မှာ လုံးပတ်(၁)ပေ၊ အရှည် ၁၀ ပေလောက်ရှိတဲ့ စပါးအုံးမြွေကြီးတကောင် တွေ့ရှိကြောင်း အကြောင်းကြားတဲ့အတွက် တာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးခဲ့တာပါ။
ကျောက်တံတားမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးနဲ့ သွားရောက်ဖမ်းဆီးခဲ့ပြီး ည ၁၀ နာရီခွဲလောက်မှာ တိရစ္ဆာန်ဥယျာဉ်ကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။