မွတ်စလင်အမျိုးသမီးများအား ပြန်မလွှတ်ပါက အီရတ်တပ်ဖွဲ့ဝင်များကို သတ်မည်ဟု အိုင်အက်စ် ခြိမ်းခြောက်

Image processed by CodeCarvings Piczard ### FREE Community Edition ### on 2018-06-23 22:12:56Z | http://piczard.com | http://codecarvings.comš ÿRºCš
အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) ဟာ အီရတ်လုံခြုံရေးတပ်ဖွဲ့ ၆ ဦးကို ပြန်ပေးဆွဲထားပြီး အီရတ်အစိုးရဘက်က ဖမ်းထားတဲ့ ဆွန်နီမွတ်စလင် အမျိုးသမီး ၆ ဦးကို မလွှတ်ပေးဘူးဆိုရင် ပြန်ပေးဆွဲထားသူတွေကို သတ်ပစ်မယ်လို့ ဇွန်လ ၂၃ ရက်နေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။ အိုင်အက်စ်အဖွဲ့က ထုတ်ပြန်တဲ့ ဗွီဒီယိုမှာတော့ ပြန်ပေးဆွဲခံထားသူက သူဟာ အစိုးရတပ်တွေနဲ့ ပူးပေါင်းပြီး အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းနေတဲ့ အန်ဘာပြည်နယ် လုံခြုံရေး တပ်ဖွဲ့ဝင်ဖြစ်တယ်လို့ ပြောပါတယ်။ အီရတ်အစိုးရအနေနဲ့ ဖမ်းထားတဲ့အမျိုးသမီး ၆ ဦးကို ၃ ရက်အတွင်း ပြန်မလွှတ်ပေးဘူးဆိုရင် သူတို့ အသတ်ခံရမယ်လို့ အိုင်အက်စ်အဖွဲ့က တောင်းဆိုတယ်လို့ ဗွီဒီယိုထဲမှာ ပြောသွားပါတယ်။ ဒီခြိမ်းခြောက်မှုကို ဗွီဒီယိုထဲမှာပါတဲ့ သေနတ်သမားက ထပ်ပြီး ပြောသွားတာကို တွေ့ရပါတယ်။ အီရတ်ဝန်ကြီးချုပ်ဟာ ဆီးရီးယားနယ်စပ်တစ်လျှောက်က ဆွန်နီစစ်သွေးကြွ (အိုင်အက်စ်) အဖွဲ့ကို  နှိမ်နင်းနိုင်ပြီလို့ ဒီဇင်ဘာလမှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အိုင်အက်စ်အဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြို့တော်ဘဂ္ဂဒတ်နဲ့ နိုင်ငံမြောက်ပိုင်း ဆက်ထားတဲ့ အဝေးပြေးလမ်းမပေါ်မှာ ပြန်လည်လှုပ်ရှားလာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up