ဝင်ဘာလေကွင်းတွင် ပေါ့ပ်ဂီတကြယ်ပွင့် တေလာဆွစ် ဖျော်ဖြေပွဲ ပြုလုပ်

ပေါ့ပ်ဂီတကြယ်ပွင့် တေလာဆွစ်ဟာ ဇွန်လ ၂၂ ရက်နေ့က လန်ဒန်မြို့ ဝင်ဘာလေ ကစားကွင်းမှာ နယ်လှည့်ဖြော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဖျော်ဖြေပွဲမှာ တေလာဆွစ်က သူ့အနေနဲ့ ပရိသတ် ၉ဝ,ဝဝဝ ဆံ့တဲ့ အဲဒီကွင်းမှာ ပထမဆုံးအကြိမ် ဖျော်ဖြေတာဖြစ်ပြီး သောကြာနေ့ည ရှိုးပွဲလာ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ တေလာဆွစ်ရဲ့ အဲဒီနယ်လှည့်ဖြော်ဖြေပွဲကို အနယ်နယ်အရပ်ရပ်က ပရိသတ်တွေ လာရောက် အားပေးကြပြီး နယ်လှည့်ဖြော်ဖြေပွဲကို မန်ချက်စတာနဲ့ ဒပ်ဘလင်မြို့တွေမှာလည်း ကျင်းပတယ်လို့ သိရပါတယ်။ ပေါ့ပ်ဂီတကြယ်ပွင့် တေလာဆွစ်ဟာ ဇွန်လ ၂၃ ရက်နေ့မှာလည်း အဆိုပါ ဝင်ဘာလေကွင်းမှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက် ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up