ဂျာမနီက ဆွီဒင်ကို နိုင်မည်ဟု ပိုလာဝက်ဝံသားအမိ ခန့်မှန်း (ရုပ်သံ)

ဒီနေ့ည ၁၂ နာရီခွဲ ယှဉ်ပြိုင်မယ့် ဆွီဒင်နဲ့ ပွဲစဉ်မှာ ဂျာမနီအသင်း အနိုင်ရမယ်လို့ ပိုလာဝက်ဝံတွေက ခန့်မှန်းလိုက်ပါတယ်။ ဂျာမနီက တိရစ္ဆာန်ဥယျဉ်ထဲမှာရှိတဲ့ ပိုလာဝက်ဝံသားအမိက ဂျာမနီနဲ့ ဆွီဒင် ပွဲစဉ်အပေါ် ခန့်မှန်းမှုတွေ လုပ်ခဲ့တာပါ။ ခန့်မှန်းပုံကတော့ ဂျာမနီနဲ့ ဆွီဒင်အသင်း အလံတွေပါတဲ့ အစာပုံး ၂ ပုံးကို ထားပြီး ၀က်ဝံ သားအမိကို ရွေးချယ်ခိုင်းတဲ့ ပုံစံ ဖြစ်ပါတယ်။ ၀က်ဝံကလေးက ဂျာမနီ အလံပါတဲ့ အစာပုံးကို အရင်ဆုံး နှိုက်စားတဲ့အတွက် ဂျာမနီအသင်း အနိုင်ရမယ်ဆိုပြီး ခန့်မှန်းတာ ဖြစ်ပါတယ်။ တိရစ္ဆာန်ဥယျာဉ် တာဝန်ရှိသူကလည်း အခု ခန့်မှန်းမှုက ဂျာမနီ နိုင်မယ်လို့ ပြောပါတယ်။ မက္ကဆီကိုနဲ့ ကစားတဲ့ အုပ်စုအဖွင့်ပွဲတုန်းက ဝက်ဝံတွေက ဂျာမနီ အစာပုံးဘက်ကို အရင်သွားပေမယ့် တကယ်တမ်းစားတာ မက္ကဆီကို အစာပုံး ဖြစ်တာကြောင့် နားလည်မှု လွဲခဲ့တာတွေ ရှိတယ်လို့ ဆိုထားပါတယ်။ ဂျာမနီအသင်းဟာ ဆွီဒင်နဲ့ ပွဲမှာ ရလဒ်ကောင်းမှ အုပ်စုကတက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up