အမေရိကန်-တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု သင်တန်း ၂ ခု ဆိုင်းငံ့မည်

အမေရိကန်-တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု သင်တန်း ၂ ခုကို လုံးဝဆိုင်းငံ့ဖို့ သဘောတူလိုက်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဇွန်လ ၂၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။ စင်ကာပူထိပ်သီးဆွေးနွေးပွဲ ရလဒ်တွေကို အကောင်အထည်ဖော်ရာမှာ အထောက်အပံ့ ဖြစ်စေဖို့အတွက် စစ်ဘက်သင်တန်းပေးတာကို လုံးဝဆိုင်းငံ့သွားမယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ ဒီကိစ္စအတွက် မဟာမိတ်တောင်ကိုရီးယားနိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း စင်ကာပူနိုင်ငံမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံပြီးတဲ့နောက် အကုန်အကျများတဲ့ အမေရိကန်-တောင်ကိုရီးယား ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းသွားမယ်လို့ ပြောထားခဲ့ပြီးဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up