ရုရှားတွင် ကမ္ဘာ့ဖလားစတင်ချိန်မှစ၍ ဘီယာရောင်းအား တဟုန်ထိုးမြင့်တက်

ရုရှားနိုင်ငံမှာ ကမ္ဘာ့ဖလားပွဲစတင်ချိန်ကစပြီး ဘီယာရောင်းအား တဟုန်ထိုး မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ရုရှားမှာ ဘီယာဟာ အခြားအရက်အမျိုးအစားတွေနဲ့ နှိုင်းယှဉ်ရင် သိပ်ပြီး လူကြိုက်မများလှပါဘူး။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရုရှားမှာ ဘီယာကြာ်ငြာတွေအပေါ် တင်းကြပ်ခဲ့တာကြောင့် ဘီယာရောင်းအားဟာ ၃၀ ရာခိုင်နှုန်းနီးပါး လျော့ကျနေခဲ့တာပါ။ ဒါပေမယ့် အခုကမ္ဘာ့ဖလားပွဲကြောင့် ရက်အနည်းငယ်အတွင်းမှာ ဘီယာရောင်းအား အံ့ဖွယ်ကောင်းလောက်အောင် မြင့်တက်လာခဲ့ပြီး ဒေသခံ ဘီယာအရောင်းဆိုင်တွေနဲ့ ထုတ်လုပ်သူတွေအဖို့ ဝယ်လိုအားပြည့်အောင် မထုတ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဘားဆိုင်မန်နေဂျာတဦးက “ဘောလုံးပရိသတ်တွေဟာ ရိုးရာတက်ကီလာနဲ့ ဗော်လ်ကာ အရက်တွေကို ၀ယ်ယူကြမယ်လို့ မျော်လင့်ခဲ့တယ်။ ဒါပေမယ့် ဘီယာရောင်းအားက အားလုံးကို ကျော်တက်သွားပြီ တနေ့ကို ဘီယာခွက်ပေါင်း ၆,၀၀၀ လောက် ရောင်းနေရတယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up