အမေရိကန်နိုင်ငံထဲဝင်ရေး ရွှေ့ပြောင်းနေထိုင်သူများ စဉ်းစားနေ

နေရပ်ကိုစွန့်ခွာလာတဲ့ အလယ်အမေရိကန်နိုင်ငံတွေက ရွှေ့ပြောင်းတွေဟာ  အမေရိကန်ရဲ့နယ်စပ် ဖြတ်ကျော်မူဝါဒကြောင့် အမေရိကန်နိုင်ငံထဲဝင်ဖို့ စဉ်းစားသုံးသပ် နေကြပါတယ်။ အလယ်အမေရိကနိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေဟာ မက္ကဆီကိုနိုင်ငံကို ဖြတ်ကျော်ပြီး မြောက်ပိုင်းကို ဆက်ပြီးသွားဖို့ စဉ်းစားသုံးသပ်နေကြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သည်းမခံဘူးဆိုတဲ့ လူဝင်မှုဝါဒ၊ ရွှေ့ပြောင်းမိဘတွေနဲ့ သူတို့ ကလေးတွေကို ခွဲခြားထိန်းသိမ်းတဲ့မူဝါဒ ရှင်းရှင်းလင်းလင်း ဖြစ်လာတဲ့အထိ မျှော်လင့်နေကြပါတယ်။ မက္ကဆီကိုနိုင်ငံ၊ အိုအာဇာ ကာပြည်နယ်ထဲက ဒီရွှေ့ပြောင်းမိသားစုတွေဟာ ဂွါတီမာလာနဲ့ ဟွန်းဒူးရက်စ် နိုင်ငံတွေက ဖြစ်ပါတယ်။ သူတို့ နိုင်ငံတွေက မူးယစ်ဆေးနဲ့ လူဆိုးဂိုဏ်တွေကြောင့် ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြတဲ့ ဒီလူတွေဟာ အမေရိကန်နိုင်ငံထဲကိုဝင်၊ အလုပ်ရှာပြီး အိမ်ကို ငွေပြန်ပို့ဖို့ စီစဉ်နေကြသူတွေပါ။ ဒါပေမယ့် ကလေးတွေကို လှောင်အိမ်ထဲ ထည့်တယ်ဆိုတဲ့ သတင်းတွေကို ကြည့်ပြီး တဲ့နောက်မှာ မက္ကဆီကိုမှာ ဆက်နေဖို့ စဉ်းစားနေကြပါတယ်။ သမီးလေးနဲ့အတူ အမေရိကန်ကိုဝင်မယ့် ဂွါတီမာလာရွှေ့ပြောင်း မာရီယာထရီဆာကတော့ အမေရိကန်ကို ရောက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာတာဆိုတော့ တော်တော်လေးဆိုးတယ်။ ကိုယ့်ကလေးနဲ့ အခွဲခံရဖို့ မျှော်လင့်ထားတာ မဟုတ်ဘူးလေ။ ဒီတော့ ကိုယ့်ကလေးကို ကိုယ့်ဆီကနေ သူတို့ခွဲထားမှာဆိုတာ မမျှတဘူးဆိုတော့ ကျမ နေရပ်ပြန်လှည့်တာကမှ ကောင်းဦးမယ်လို့ပြောပါတယ်။ တရားမ၀င်ရွှေ့ပြောင်းမိဘတွေကို ကလေးတွေနဲ့ မခွဲထားဘဲ ထိန်းသိမ်းတော့မယ်လို့ သမ္မတထရမ့်က ဇွန်လ ၂၀ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ထရီဆာက ကျမ သမီးက ကျမနဲ့အတူ ဒီလောက်အကြာကြီး နေပြီးမှ အဲဒီလည်းရောက်ရော သူတို့က ကျမဆီကနေ ခွဲထုတ်သွားမယ်ဆိုရင် ဒီခရီးကို မဆက်တော့ဘူး။ ဒီမှာပဲလုပ်ပြီး အလုပ်ဆက်လုပ်ဖို့ စိတ်ကူးတယ်လို့ ပြောပါတယ်။ သမ္မတ အမိန့်ထုန်ပြန်ပြီး ဖြစ်ပေမယ့် မိဘတွေနဲ့ခွဲထားခံရတဲ့ ကလေးတွေ ဘယ်တော့ ပြန်ပြီးဆုံမယ်ဆိုတာကိုတော့ အမေရိကန်အာဏာပိုင်တွေက တိတိကျကျမပြောနိုင်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up