Home
မြန်မာသတင်း
ဥက္ကံတွင် ဆယ်တန်းကျောင်းသူတဦး ဆွဲကြိုးချ သေဆုံး
DVB
·
June 22, 2018
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ စမ်းရွာကျေးရွာမှာ ဇွန် ၂၂ ရက်နေ့ မနက်ပိုင်းက အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသူတဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းက သိရပါတယ်။ “သေဆုံးတဲ့ ကလေးမလေးက အပေါင်းအသင်းမရှိဘူး။ ငယ်ငယ်ကတည်းက ဦးနှောက်အမြှေးပါးယောင်တဲ့ ရောဂါရှိတယ်။ မနေ့ကပြန်လာချိန်အထိ အကောင်းရှိပြီး မနက်သုံးနာရီလောက်မှာ စာထကျက်နေပြီး ပျောက်သွားလို့ လိုက်ရှာတော့ အိမ်အနောက်ဘက်က ကက္ကိုပင်မှာ ဆွဲကြိုးချသေဆုံးနေတာ တွေ့တယ်” လို့ မိဘတွေက ပြောပါတယ်။ ဥက္ကံနယ်မြေရဲစခန်းက မခင်ထက်ထက်နိုင် ဆွဲကြိုးချသေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးနေပြီး သေမှုသေခင်းအမှတ်စဉ် ၄/၂၀၁၈ နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ ဥက္ကံနယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးထွန်းက ပြောပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024