ထိုင်ဝမ်ရှိ ပြည့်တန်ဆာအိမ်ကို ဝင်ရောက်စီးနင်း၊ ထိုင်းပြည့်တန်ဆာ ၁၇ ဦး ဖမ်းမိ

ထိုင်ဝမ်မြောက်ပိုင်း၊ ကီလန်မြို့ ပြည့်တန်ဆာအိမ်တအိမ်ကို ဝင်ရောက်စီးနင်းချိန်မှာ ထိုင်းအမျိုးသမီး ပြည့်တန်ဆာ ၁၇ ဦးကို ဖမ်းမိခဲ့တယ်လို့ ပတ္တယားဝမ်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ထိုင်းအမျိုးသမီးတွေဟာ အလည်အပတ်ခရီးအဖြစ် လာရောက်ပြီး တကယ်တမ်းမှာတော့ ပြည့်တန်ဆာအဖြစ် ဆက်သွယ်လုပ်ဆောင်ဖို့ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ ကီလန်ရဲဌာနက အဲဒီပြည့်တန်ဆာအိမ်ကို ဇွန်လ ၂၀ ရက် ညပိုင်းက စီးနင်းရှာဖွေခဲ့ကြတာလို့ ဆိုပါတယ်။ ဒီဖမ်းဆီးမှုမှာ ထိုင်ဝမ်အမျိုးသမီး ၃ ဦးနဲ့ ဖောက်သည်အမျိုးသား ၁၁ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့တာပါ။ အဲဒီ ထိုင်းအမျိုးသမီးတွေကို စုံစမ်းစစ်ဆေးချိန်မှာတော့ သူတို့ဟာ အလည်အပတ်ဗီဇာနဲ့ ထိုင်ဝမ်ကို လာရောက်ခဲ့ကြတာလို့ ဝန်ခံထွက်ဆိုခဲ့ကြပါတယ်။ အချိန် ၁၅ မိနစ် လိင်ဝန်ဆောင်မှုအတွက် ထိုင်းပြည့်တန်ဆာတယောက်စီကို ထိုင်ဝမ်ဒေါ်လာ ၁၀၀၀ နဲ့ လုပ်ပေးဖို့ ခေါ်လာတာဖြစ်ပြီး သူတို့တဦးချင်းစီက ၆၀၀ ရမှာဖြစ်ကာ ပြည့်တန်ဆာအိမ်က မန်နေဂျာကို ၄၀၀ ပေးရမှာဖြစ်တယ်လို့ ပြည့်တန်ဆာခေါင်း အမျိုးသမီးက ဆိုပါတယ်။ ဒီဖမ်းဆီးမှုကနေ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်တဲ့ ကွင်းဆက်တရားခံ ၃ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် ၂ နှစ်အထိ ကျခံရမှာဖြစ်ပါတယ်။ ထိုင်းပြည့်တန်ဆာတွေကိုတော့ အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားကာ ထိုင်းနိုင်ငံဆီ ပြန်ပို့သွားမယ်လို့ ဆိုပါတယ်။ ဖောက်သည်အမျိုးသားတွေနဲ့ ထိုင်ဝမ်ပြည့်တန်ဆာတွေကတော့ ဒဏ်ကြေး ထိုင်ဝမ်ဒေါ်လာ ၃ သောင်းထိ ပေးဆောင်ရမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up