FMI လေကြောင်းလိုင်းက လေယာဉ်တစင်း လေဖိအားကြောင့် လေကာမှန်အက်ကွဲခဲ့
DVB
·
June 22, 2018
FMI လေကြောင်းလိုင်းက လေယာဉ်တစင်း မောင်းနှင်နေတုန်း လေဖိအားကြောင့် လေယာဉ် ယာဘက် လေကာမှန် အက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၂၁ ရက် မနက်ပိုင်းမှာ FMI လေကြောင်းလိုင်းက ကပ္ပတိန် ဦးနိုင်မြင့်ခိုင် မောင်းနှင်လာတဲ့ လေယာဉ် အမျိုးအစား ATR-72၊ လေယာဉ် အမှတ် XY-AMH ဟာ ခရီးသည် ၂၂ ဦးကို တင်ဆောင်ပြီး နေပြည်တော်ကနေ ရန်ကုန်ကို ပျံသန်းလာတုန်း ဖြစ်ပွားခဲ့တာပါ။
နေပြည်တော် လေဆိပ်ကနေ ရန်ကုန်လေဆိပ်ကို ထွက်ခွာလာစဉ် မိနစ် ၂၀ လောက်အကြာ အမြင့်ပေ ၁၆၀၀၀ လောက်အရောက်မှာ လေဖိအားကြောင့် လေယာဉ်ရဲ့ ယာဘက်လေကာမှန် အက်ကွဲခဲ့ပေမယ့် ရန်ကုန်လေဆိပ်ကို ကောင်းမွန်စွာ ဆိုက်ရောက်ခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။