Live
Home
မြန်မာသတင်း
ရန်ကုန်လေဆိပ်-ဘူတာကြီး ယာဉ်လိုင်း စတင်ပြေးဆွဲ
အာကာ
·
June 22, 2018
ရန်ကုန်လေဆိပ်နဲ့ ဘူတာကြီးကို လွန်းပြန်ပြေးဆွဲပေးမယ့် ယာဉ်လိုင်းကို ဒီနေ့ စတင်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ YBS-Airport Shuttle လို့ အမည်ပေးထားတဲ့ ဒီယာဉ်လိုင်းကို Omni Focus ကုမ္ပဏီက Foton အမျိုးအစား ကားတွေနဲ့ ပြေးဆွဲတာပါ။ Omni Focus ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက “ဒီနေ့ ကားစီးရေ ၃၀ နဲ့ စပြေးပါတယ်။ ဒီတပတ်ထဲမှာပဲ ကားစီးရေ ၅၀ ထိ တိုးချဲ့ပြေးဆွဲသွားမှာပါ။ ဒီယာဉ်လိုင်းကတော့ တိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်နဲ့ တကယ်လိုအပ်နေတဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် ပြေးဆွဲပေးတာပါ” လို့  ပြောပါတယ်။ ယာဉ်စီးခအနေနဲ့ ၅၀၀ ကျပ် သတ်မှတ်ထားပြီး မှတ်တိုင်အားလုံးမရပ်ဘဲ မှတ်တိုင် ၁၁ ခု ပဲ ရပ်တန့်မယ်လို့  သိရပါတယ်။ YBS-Airport Shuttle ယာဉ်လိုင်းဟာ လေဆိပ်ကနေ ၈ မိုင်၊ ကမ္ဘာအေး ဘုရားလမ်းအတိုင်း ဆူးလေထိ ပြေးဆွဲမှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024