အုပ်စုနောက်ဆုံးပွဲတွင် အိမ်ရှင်ရုရှား ရှုံးမည်ဟု ဖျံထီးလေး ခန့်မှန်း

ဓာတ်ပုံ - ရိုက်တာ
ကမ္ဘာ့ဖလား အုပ်စု အေ ရဲ့ နောက်ဆုံးပွဲစဉ်မှာ အိမ်ရှင် ရုရှားက ဥရုဂွေးအသင်းကို ရှုံးလိမ့်မယ်လို့ ဖျံထီးလေး ဟယ်ရီက ခန့်မှန်းလိုက်ပါတယ်။ ရုရားနိုင်ငံ ဆိုချီမြို့ ငါးပြတိုက်မှာရှိတဲ့ ဖျံထီးလေးက ပွဲစဉ်တွေကို ခန့်မှန်းတာ ဖြစ်ပါတယ်။ ရုရှားနဲ့ ဥရုဂွေးအသင်းတို့ အမှတ်တံဆိပ်ပါတဲ့ ဘောလုံး ၂ လုံးကို ပေးပြီး ဘယ်အသင်း နိုင်မလဲဆိုတာကို ဆုံးဖြတ်တာပါ။ ဖျံထီးလေး ဟယ်ရီက ဥရုဂွေး အမှတ်တံဆိပ်ပါတဲ့ ဘောလုံးကို ကိုက်ချီသွားတာကြောင့် ရုရှားအသင်း ရှုံးမယ်ဆိုပြီး ဟောကိန်းထုတ်လိုက်တာ ဖြစ်ပါတယ်။ အလားတူ အုပ်စု အက်ဖ် က ဂျာမနီနဲ့ ဆွီဒင်တို့ရဲ့ အုပ်စု ဒုတိယပွဲစဉ်ကိုလည်း ခန့်မှန်းမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီမှာ အသက် ၅ နှစ်သား ဖျံထီးလေးက ဂျာမနီ အမှတ်တံဆိပ်ပါ ဘောလုံးကို ယူဆောင်သွားတဲ့အတွက် ဂျာမနီ အနိုင်ရမယ်လို့ သတ်မှတ်လိုက်တာပါ။ အသက် ၅ နှစ်အရွယ် ဖျံထီးလေး ဟယ်ရီဟာ ဆိုချီ ငါးပြတိုက်ကို ၂၀၁၃ မှာ ရောက်ရှိခဲ့တာပါ။ သူဟာ ရုရှားကစားတဲ့ အုပ်စု ၂ ပွဲကို ခန့်မှန်းရာမှာလည်း မှန်ကန်မှုတွေရှိတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up