Home
မြန်မာသတင်း
မိုးညှင်းဒေသထွက် အော်ဂဲနစ်မှို အကြော်များ ထိုင်ဝမ်ကို တင်ပို့ရောင်းချ
DVB
·
June 22, 2018
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ကနေ ထွက်ရှိတဲ့ အော်ဂဲနစ် မှိုအကြော်တွေကို တရုတ်နိုင်ငံ ထိုင်ဝမ်အထိ တင်ပို့နေတယ်လို့ မှိုအကြော်ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။ မှိုအကြော်ကို ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေကိုလည်း ပို့ဆောင်ရောင်းချနေရသလို ထိုင်ဝမ်ကိုလည်း ပို့ဆောင် ရောင်းချနေကြရပါတယ်။ လေးရက်တခါ မှိုအကြော်ပိသာချိန် ထောင်နဲ့ချီ တင်ပို့ပေးနေရပြီး ရှမ်းပြည်နယ်ကနေ  တရုတ်ပြည်၊ အဲဒီကတဆင့် ထိုင်ဝမ်ထိ တင်ပို့ကြတာလို့ လုပ်ငန်းရှင် ဒေါ်ကြူက ပြောပါတယ်။ ကချင်ပြည်နယ်ကထွက်တဲ့ မှိုတွေက သဘာဝအတိုင်း ပေါက်တာကြောင့် တရုတ်ပြည်က လူကြိုက်များတာလို့ ဆိုပါတယ်။ မှိုအကြော်ကို ငှက်စွပ်မှိုနဲ့ အများဆုံးပြုလုပ်ပြီး တောင်ပို့မှိုနဲ့လည်း ပြုလုပ်ကြပါတယ်။ သက်သတ်လွတ် အော်ဂဲနစ်မှိုအကြော်ကို ပဲဆီသန့်နဲ့ ကြော်တာဖြစ်ပြီး နှစ်ပေါက် အထားခံတယ်လို့ သိရပါတယ်။ တရက်ကို မှိုအကြော် ရောင်းရငွေဟာ သိန်းဂဏန်းအထိ ရတယ်လို့ မှိုရှာဖွေရောင်းချသူ မအဲညာက ပြောပါတယ်။ မှိုတွေကိုတော့ ကာဒူ၊ မော်ဟန်၊ နန့်စီးအောင်၊ မော်လူး၊ မိုးညှင်း စတဲ့ ဒေသတွေကနေ မြစ်ကြီးနားမြို့ အနီးအနားရှိတဲ့ လမ်းတလျှောက် မြို့၊ ကျေးရွာတွေကို ကားနဲ့ လိုက်လံစုဆောင်းကြရတာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ခင်သန်းညွန့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024