Live
Home
မြန်မာသတင်း
လိုင်​စင်​မဲ့​မော်​​တော်​ယာဉ်​များ စစ်​​ဆေး၊​ သံဃာ​တော်​နှင့်လူမှုအသင်းယာဉ် ၁၁ စီး​တွေ့ရှိ
DVB
·
June 21, 2018
မ​ကွေးတိုင်း​ဒေသကြီး​ ချောက်​မြို့မှာ​ ဒီနေ့မနက်​ ၇ နာရီအချိန်​ကစပြီး ​အ​နော်​ရထာ တံတားထိပ်​မှာ​ လိုင်​စင်​မဲ့ယာဉ်​ စစ်​​ဆေးမှုပြုလုပ်​ခဲ့ရာ သံဃာ​တော်ယာဉ်​နဲ့လူမှုကူညီ​ရေး အသင်းယာဉ်​ ၁၁ စီး​ ​တွေ့ရှိခဲ့​တယ်လို့ ​ချောက်​မြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​​ဆွေဝင်းက ပြောပါတယ်။ ​ချောက်​မြို့မရဲစခန်း ယာဉ်​စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်း​ရေးတာဝန်​ခံ ရဲအရာခံ မျိုးမြင့်အောင်က “စစ်​​ဆေး​တွေ့ရှိတဲ့ ယာဉ်​တွေကို ခံဝန်​လက်​မှတ်​ ​ရေးထိုးခိုင်းပြီး ၁၁ ရက်​ ၇ လက စပြီး အ​ရေးယူ​ဆောင်​ရွက်​သွားမှာဖြစ်​တယ်​။ အ​ရေးယူမှုအပိုင်းက လမ်း​ပေါ်မှာ ​မောင်းနှင်​​တွေ့ရှိရင်​ အ​ရေးယူသွားမယ်” လို့ ​ပြောပါတယ်။ ​ချောက်​မြို့နယ်​​မှာ လူမှုကူညီ​ရေး အသင်း​တွေရဲ့ လိုင်စင်မဲ့ကားတွေကို အစိုးရအနေနဲ့ တရားဝင် လိုင်စင်ချပေးစေချင်တယ်လို့ မ​နောဖြူလူမှုကူညီရေးအသင်းမှ ​ဒေါက်​တာစည်​သူတင်​မြင့်က ​ပြောပါတယ်။ “၁၀၀ ရာ​ကျော်​မှာ အသင်းတိုင်းရဲ့ ​မော်​​တော်​ယာဉ်​ ၈၀ ရာနှုန်း​လောက်​က ​တော့ လိုင်​စင်​မဲ့ကား​တွေပဲ ဖြစ်​​နေလို့ လိုင်​စင်​မဲ့ကား​တွေကို နိုင်​ငံ​တော်​အစိုးရရဲ့ စီမံချက်​နဲ့ သိမ်းဆည်းလိုက်​မယ်​ဆိုရင်​ လူမှုကူညီ​ရေးအသင်း​တွေအားလုံးနီးပါ ၉၀ ရာနှုန်း​လောက်​ ရပ်​သွားနိုင်​တယ်။ ရပ်​သွားတဲ့ အကျိုးဆက်​အ​နေနဲ့က​တော့ ပြည်​သူ​တွေပဲ ခံစားရမှာဖြစ်​တယ်​။ ပြည်​သူ​တွေရဲ့ ကျန်းမာ​ရေးနဲ့ပတ်​သက်​ပြီး သွားလာတ့​နေရာမှာ အများဆုံး ခံစားရမှာဖြစ်​တယ်​။ အဲဒါ​ကြောင့် ပြည်​သူတင်​တဲ့ အစိုးရလက်​ထက်​မှာ ဒီလူမှုကူညီ​ရေး ကား​တွေကို လိုင်​စင်​ တရားဝင်​ ချ​ပေး​စေချင်​တယ်​။” မ​ကွေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ​ပြုလုပ်​​တဲ့ လုံခြုံ​ရေးနဲ့ သတင်းညှိနှိုင်းအစည်း​ဝေးအ ဆုံးဖြတ်​ချက်​အရ သံဃာ​တော်​တွေနဲ့ အသင်းအဖွဲ့တွေ စီးနင်း​မောင်းနှင်​​နေ​တဲ့ လိုင်​စင်​မဲ့​မော်​​တော်​ယာဉ်​တွေနဲ့ပတ်​သက်​ပြီး ပူး​ပေါင်းအဖွဲ့စုံနဲ့ စစ်​​ဆေးပြီး ပညာ​ပေးကာလ တစ်​လ သတ်​မှတ်​ထား​ကြောင်း၊ ​နောက်​ပိုင်း ​ဥပ​ဒေအရ အ​ရေးယူ​ဆောင်​ရွက်​သွားမယ်လို့ သိရပါတယ်။ ကိုလင်း(​ချောက်​)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024