ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန် နျူကလီးယား အစီအစဉ် ဖော်ထုတ်ခဲ့သည့် စပိုင်အကြောင်း ရုပ်ရှင် (နမူနာ)

ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျာမန်တို့ရဲ့ နျူကလီးယား အစီအဉ်ကို ဖော်ထုတ်ခဲ့တဲ့ စပိုင် မိုးဘာ့ဂ်အကြောင်း ရိုက်ကူးခဲ့တဲ့ The Catcher was a Spy ရုပ်ရှင်ကို လာမယ့် ဇွန်လ ၂၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကတော့ ဖြစ်ရပ်မှန် အမေရိကန် ကိုယ်ရေးအတ္ထုပ္ပတ္တိ စပိုင်ရုပ်ရှင်ကား အမျိုးအစားဖြစ်ပြီး သြစတြေးလျ ရုပ်ရှင်ဒါရိုက်တာ ဘန်လျူဝင်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်သမိုင်းမှာ အစိုးရရဲ့ စပိုင်အဖြစ် နာမည်ကြီးခဲ့တဲ့ မိုးဘာ့ဂ်အကြောင်း အခြေတည် ရိုက်ကူးထားခဲ့တာပါ။ မိုးဘာ့ဂ်ဟာ အဲဒီအချိန်ကာလက ဘေ့စ်ဘောကစားသမားတယောက်ဖြစ်ပြီး နောက်ပိုင်းမှာ အမေရိကန် အစိုးရအတွက် စပိုင်အဖြစ် ပူးတွဲအမှုထမ်းခဲ့ရတာ ဖြစ်ပါတယ်။ ပရင်စတန်တက္ကသိုလ်နဲ့ ကိုလံဘီယာ ဥပဒေကျောင်းတွေကနေ ဘွဲ့ရရှိခဲ့တဲ့ သူ့ရဲ့အကြောင်းကလည်း စိတ်ဝင်စားစရာပါပဲ။ သူဟာ ဘာသာစကား ၉ မျိုးလောက်ကို တတ်ကျွမ်းသလို နေ့စဉ်သတင်းစာ ၁၀ စောင်လောက်ကိုလည်း ဖတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ တာဝန်ပေးချက်အရ အဲဒီကာလမှာ ဂျာမန် နျူကလီးယား အစီအစဉ်အတွက် သတင်းထောက်လှမ်း ဖော်ထုတ်နိုင်ခဲ့လို့ ချီးကျူးခံခဲ့ရသူတဦးလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ မိုးဘာ့ဂ်နေရာမှာ သရုပ်ဆောင်မင်းသား ပေါလ်ရပ်ဒ်က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသားကြီး မာ့ခ်စထရောင်း၊ ဂျက်ဖ်ဒဲန်နီယယ်လ်၊ မင်းသမီး ဆီယင်နာမီလာတို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ကြာမြင့်ချိန် ၉၈ မိနစ်ရှိတဲ့ ဒီကားကိုတော့ စစ်ပွဲနောက်ခံ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ လိင်ပိုင်းဆိုင်ရာ ပြကွက်တွေနဲ့ ဒိုင်ယာလော့ဂ်တွေ ပါဝင်တာမို့ ဒီကားကိုတော့ Rated R အဆင့် သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up