Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာအလုပ်သမားများ သံအရာရှိကို ဆက်သွယ်အကူအညီတောင်းခံနိုင်
DVB
·
June 21, 2018
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့ နိုင်ငံသားစိစစ်တာနဲ့ အထောက်အထားထုတ်ယူတာ (CI လုပ်ငန်းစဉ်)နဲ့ပတ်သက်ပြီး သိလိုတာတွေနဲ့ အခက်အခဲရှိရင် မြန်မာအလုပ်သမား သံအရာရှိတွေကို ဆက်သွယ်မေးမြန်းဖို့ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။ ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ကတ်ခေါ် TR-38) ကိုင်ဆောင်ထားတဲ့  အလုပ်သမားတွေ၊ ယာယီမြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေနဲ့ ထိုင်းနိုင်ငံအလုပ်အကိုင် ဌာနမှ အလုပ်ရှင်၊ အလုပ်သမား မှန်ကန်ကြောင်း ထောက်ခံစာထုတ်ပေးထားတဲ့ (အထောက်အထားမဲ့) အလုပ်သမားတွေကို ထိုင်းနိုင်ငံ အတွင်း မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certification of Identity-CI) ထုတ်ပေးရေး စခန်းတွေကို နှစ်နိုင်ငံညှိနှိုင်းပြီး၂၀၁၇ ခုနှစ်မတ် ၃ ရက်ကစ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အထောက်အထား လက်ဝယ်မရှိသူတွေ  အထောက်အထားပြုလုပ်ထားပေမယ့် ဥပဒေအရ Semi Process ဖြင့် ရပ်တန့်နေရသူတွေ၊ အထောက်အထားမရှိဘဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ အားလုံးဟာ အခုဇွန်လ ၃၀ ရက်မတိုင်မီ အပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဇွန် ၃၀ ရက်မတိုင်မီ သက်သေခံလက်မှတ်ပြုလုပ်ဖို့ မိမိနိုင်ငံသို့ အေးချမ်းစွာ ပြန်နိုင်ခွင့် ရရှိထားပြီး လက်ရှိအခြေအနေအရ ထိုင်းနိုင်ငံအတွင်း ဆက်လက်လုပ်ကိုင်လိုပါက MoU စနစ်နဲ့သာ  တရားဝင် ဝင်ရောက်လုပ်ကိုင်ရမှာဖြစ်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ အလုပ်သမားတွေ နိုင်ငံသားစိစစ်ရေးနဲ့ လိုအပ်တဲ့ အထောက် အထားတွေရရှိဆောင်ရွက်နိုင်ရေး နောက်ဆုံးကာလကို အရင်က  ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၁၈ မတ် ၃၁ ရက်အထိ တိုးမြှင့်ပေးခဲ့ပြီး ထပ်မံပြီး နောက်ဆုံး အကြိမ်အဖြစ် ၂၀၁၈ ဇွန် ၃၀ ရက်အထိ တိုးမြှင့် ဆောင်ရွက်ပေးခဲ့ပါတယ်။ သတ်မှတ်ကာလနောက်ပိုင်း အလုပ်သမား စီမံခန့်ခွဲမှု ဥပဒေအတိုင်း စတင်ကျင့်သုံး မှာဖြစ်တဲ့အတွက် အလုပ်မားတွေအနေနဲ့ လိုအပ်တဲ့ စာရွက်စာတန်းတွေ အမြန်ဆုံးရရှိနိုင်ရေး ဆောင်ရွက်ဖို့လို အပ်ပါတယ်။ နိုင်ငံသားစိစစ်၊ အထောက်အထားတွေထုတ်ယူတဲ့ (CI လုပ်ငန်းစဉ်)နဲ့ ပတ်သက်လို့ သိလိုတာရှိရင် သက်ဆိုင်ရာ နယ်မြေ  သံအရာရှိ ဖုန်းနံပတ်တွေကို ဆက်သွယ်မေးမြန်း နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အလုပ်သမားသံအရာရှိဦးစန်းမောင်ဦး - ၀၉၄၈၈၄၅၄၈၄ အလုပ်သမားသံအရာရှိဦးသန်းနိုင် - ၀၆၅၂၂၀၆၉၅၂ အလုပ်သမားသံအရာရှိ ဦးဇော်မင်းအောင် - ၀၆၅၂၂၀၆၉၅၁ (ရနောင်း) အလုပ်သမားသံအရာရှိဦးအောင်မင်း - ၀၆၅၂၂၀၆၉၅၃(မဲဆောက်) အလုပ်သမားသံအရာရှိဦးဦးခင်မောင် - ၀၉၉၀၅၉၂၃၅၂ (ချင်းမိုင်) ဦးရဲရန်အောင် [တာဝန်ခံ- စမုစခွန် - ၀၉၉၂၁၇၁၃၇၉ (မဟာချိုင်) ရုံး] ဦးကျော်မျိုးသူ(တာဝန်ခံ- အလုပ်သမား - ၀၈၂၃၅၃၁၂၅၉ ဝန်ကြီးဌာနရုံး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024