Home
မြန်မာသတင်း
ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးများဖမ်းမိ
DVB
·
June 21, 2018
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း ရေနံမှော်ထဲမှာ    မူးယစ်ဆေးဝါးတွေ မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ထံက သိရပါတယ်။ ဇွန်လ ၂၀ ရက် ညနေ ၄ နာရီလောက်က မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာဒေသခံ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပေါက်မြို့နယ် လယ်အိုကျေးရွာ၊ လယ်အို ရေနံမှော်အတွင်း တဲတစ်လုံးနဲ့ လက်ပံတို​ကျေးရွာက ​နေအိမ်​တစ်​အိမ်​မှာ ရှာဖွေဖမ်းမိခဲ့တာပါ​။ ​ခုလိုဖမ်းမိခဲ့ရာမှာ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၅၅ ပြား ဘိန်းဖြူလို့ ယူဆရတဲ့ အမှုန့် ၅၈ ကီလိုဂရမ်နဲ့ မူးယစ်ဆေးရောင်းရငွေ တစ်သိန်းကျော်နဲ့ အတူ မူးယစ်ဆေးသုံးရာမှာ အသုံးပြုလေ့ရှိတဲ့ ပစ္စည်းတချို့လဲ သိမ်းဆည်းခဲ့ပါတယ်။ ဒီမူးယစ်ဆေး ဖမ်းဆီးရမိမှုမှာ ကျူးလွန်သူလို့ ယူဆရသူ အမျိုးသား ​လေးဦးနဲ့ အမျိုးသမီး  တဦးတို့ကို သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024